ငါးတန်တစ်ပိဿာ ငွေကျပ် ၇၅၀၀ အထိဈေး ရရှိသဖြင့် မွေးမြူသူများ အဆင်ပြေ

ပန်းတနော် မြို့နယ်၌  မွေးမြူရေး ငါးတန်တစ်ပိဿာလျှင် ငွေကျပ်  ၇၅၀၀ အထိရရှိပြီး ယခင်လကထက်  ဈေးကောင်းရရှိသောကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် အဆင် ပြေလျက်ရှိကြောင်း   ပန်းတနော်မြို့နယ်   ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း မွေးမြူရေးတာဝန်ခံ   ဒေါ်သန်းသန်းဆင့်၏ ပြောကြားချက်အရ သိရသည်။

ပန်းတနော်မြို့နယ်၌   ဇန်နဝါရီလက မွေးမြူရေးငါးတန် တစ်ပိဿာလျှင် ငွေကျပ်  ၄၅၀၀  သာရရှိပြီး   ဖေဖော်ဝါရီလတွင် ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀  အထိ ဈေးကောင်းရရှိနေသည်။