ကျောက်တံခါးမြို့နယ်တွင် မီးလောင်ပျက်စီးနေသော လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ယမန်နေ့( မေ ၁၂)နံနက် ၆နာရီခွဲအချိန်က ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ရဲနွယ်ဆည်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဦးချစ်စံ(၅၈)နှစ် ရဲနွယ်ရေအား လျှပ်စစ်(နေ့စား ဝန်ထမ်း) မြို့ချောင်းကျေးရွာနေသူမှ ရဲနွယ်ဆည်အခြေပြု လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ခမရ(၃၀၇) ထံ ရဲနွယ်ဆည်အတွင်းပေါက်ကွဲသံကြားရကြောင်း အကြောင်း ကြားချက်အရ ပူးပေါင်းလုံခြုံရေးအဖွဲ့က ပေါက်ကွဲသံကြားရာနေရာသို့ ခန့်မှန်းရှာဖွေခဲ့ရာ ကျောက်တံခါးမြို့နယ်၏ အနောက် ဘက် ၁၀ မိုင်ခန့်၊ မြို့ချောင်းကျေးရွာတစ်ဝိုက်တွင် တောမီးလောင်ကျွမ်းနေသော တောင်ကုန်းမှ မီးလောင်ပျက်စီးနေသော LUGER ပစ္စတို ၁ လက်၊ M 22 ၂ လက်၊ AR 15 ကျည်အိမ် တပ်လျှက် ၁ လက်၊ M4 ကာဘိုင် ကျည်အိမ်တပ်လျက် ၁ လက်၊ M 16 သေနတ် ၂ လက်၊ လက်လုပ် ၄၀ မမ ဗုံးပစ်လောင်ချာ ၂ လက်၊ ကျည်အိမ်အရှည် ၆ ခု၊ ကျည်အိမ်အတို ၁ ခု၊ M 22 ကျည် ၇ တောင့် ရှာဖွေတွေ့ရှိခဲ့သဖြင့် လက်နက်/ခဲယမ်းများတွေ့ရှိသည့် အနီးတစ်ဝိုက်သို့ ပူးပေါင်းအဖွဲ့က အသေး စိတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။