မြိုင်မြို့နယ်၊ ကန်ကြီးတောတွင် PDF များ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ ကန်ကြီးတော(ရှေ့)ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲ့များနှင့် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းအား အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF များ၏

  • လက်လုပ်သေနတ် –၈ လက်
  • လက်လုပ်ရှော့တိုက်ဒုံးသီး –၁၆ လုံး
  • လက်လုပ်ရှော့တင်စင်– ၃ ခု
  • ၁၂ ဗို့ကျည် –၁၀ တောင့်
  • အမ် ၂၂ ကျည် –၅၁ တောင့်
  • လက်လုပ်လက်ပစ်ဗုံး –၃ လုံး
  • ဆိုင်ကယ်ဘတ္တရီ –၁၂ လုံး
  • ခါးပတ်ကြီး –၅ ခု
  • ပြောက်ကျားယူနီဖောင်း –၁၆ စုံ
  • ယမ်းပျော့ –၇ ထုပ်
  • စနက်တံ –၈၃ ချောင်း
  • ဓာတ်မြေဩဇာ –၁ ထုပ်
  • ယမ်းကြိုး –၆ ခွေ
  • ဝါယာကြိုး –၃ ခွေ
  • နိုင်လွန်ကြိုး –၆ ခွေ
  • ပြောက်ကျားလည်တိုဖိနပ် –၁၁ ရံ
  • တစ်ယောက်ပစ်ကျင်း –၂၂ ကျင်း
  • စာရွက်စာတမ်း –၁ ထုပ်
  • ဆိုင်ကယ် –၂ စီး
  • လက်လုပ်မိုင်းမျိုးစုံ ၂၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။