MNDAA တို့၏ လက်ရှိလုပ်ရပ်များနှင့် စစ်အာဏာရှင်အဓိပ္ပါယ်

ငါတို့ရှမ်းမြောက်လာကြည့်ပါ
“စစ်အာဏာရှင်ဆိုတာ ဘာလဲ?”

စစ်အာဏာရှင်ဆိုတာ ဘာလဲသိချင်ရင်
ခုလက်ရှိစစ်ဖြစ်နေချိန်ကော စစ်ပြီးချိန်မှာပါ
လောက်ကိုင်ကနေ ချင်းရွှေဟော်ထိပဲသွားကြည့်
အဲ့နေရာတွေမှာ ခင်ဗျားတို့သွားပြီး နေထိုင်ကြည့်
အဲ့ခရီးမှာ ခင်ဗျားတို့ လက်တွေ့သိသွားလိမ့်မယ်

ကားတွေ သိမ်းထားလိုက်လဲ
ဘာမေးခွန်းမှ ပြန်ထုတ်ခွင့်မရှိဘူး
လူကိုစစ်တယ် ဘာကြောင့်စစ်တာလဲ
မေးမြန်းခွင့်မရှိဘူး ပိုက်ဆံတွေ့ရင်သိမ်းတယ်
ရွှေတိုရွှေစ လက်၀တ်လက်စားနဲ့
ခရီးစားရိတ်မချန် အကုန်သိမ်းတယ်
လမ်းစားရိတ်လေးတော့ချန်ပေးပါဆိုပြီး
စျေးဆစ်ခွင့်မရှိဘူး စစ်တိုက်ဖို့လူစုတယ်
ဆန္ဒမရှိပါဘူးဆိုပြီး ငြင်းဆန်ခွင့်မရှိဘူး

အဲ့ဒါတွေကမှ စစ်အာဏာရှင်အစစ်ဗျ
ခင်များတို့ခုဆိုရင် လိုင်းပေါ်မှာတောင်
တက်ပြီးပေါက်ကွဲခွင့် မရဘူးမဟုတ်လား
ပြည်သူ့အတွက် စစ်အာဏာရှင်ချုပ်ငြိမ်းဖို့တော်လှန်ရေးလုပ်တာသာ အမှန်တကယ်ဆို
ခင်များတို့မေးရဲရမှာပေါ့ ခုတော့မေးဖို့နေနေသာသာ
စကားတောင်လိပ်ပတ်လည်အောင်မပြောရဲဘူးမလား

ခင်များတို့သတ်မှတ်ခဲ့တဲ့
စစ်အာဏာရှင် စစ်သားတွေရှေ့မှာ
ခွင့်ပြုမိန့်မရှိပဲ ဆန္ဒဖော်ထုတ်ခွင့်ရခဲ့ကြတယ်
အမေနဲ့ကိုင်နာမည်တပ်ပြီးလဲ ဆဲရဲခဲ့ကြတယ်
ဘယ်စစ်သားကဖြင့်
ဘယ် ရဲကဖြင့် ပိုက်ဆံတွေတောင်းနေကြပါတယ် ဆိုပြီးတော့လည်း
videoရိုက် လိုင်းပေါ်တင်ဖွခွင့်ရခဲ့ကြတယ်

ခုတော့ ပြည်သူ့အတွက်တိုက်ပွဲဖော်ဆောင်တယ်ဆိုတဲ့‌ မျောက်သုံးကောင်ထိန်းချုပ်ထားတဲ့
တစ်မိုင်သာသာလမ်း
ခရီးလေးမှာ
ပါသမျှအကုန်သိမ်းတယ် မိန်းကလေးယောင်္ကျား
ဝတ်လာသမျှအဝတ်အကုန်ချွတ်ပြရတယ်
ဟိုနှိုက်ဒီနှိုက် အရှာခံကြရတယ်

ဖုန်းနဲ့videoရိုက်ဖို့မပြောနဲ့
ဖွတ် လာတဲ့ဖုန်းကိုတောင်
တုန်တုန်ရီရီနဲ့ပေးခဲ့ရတယ်မလား
အဖိုးတန်ရွှေငွေ ပစ္စည်း ကား ဆိုင်ကယ်
အကုန်အသိမ်းခံခဲ့ရတယ် မဟုတ်လား

လုပ်စမ်းပါခင်များတို့
ပြည်သူ့အတွက်အာဏာရှင်ကို
တော်လှန်ရပါတယ်ဆိုတဲ့သူပုန်တွေရှေ့မှာ
ဆန္ဒတွေပြကြစမ်းပါ ပိုက်ဆံယူပြီး လူပါစစ်သားစု
ပါတယ်ဆိုပြီးvideoရိုက်လိုင်းပေါ်တင်ဖွကြစမ်းပါ

ခင်းဗျားတို့မလုပ်ရဲကြဘူးမလား
စစ်အာဏာရှင်ဆိုတာဘာလဲ သိကြပြီလား
သေနတ်ပြောင်း၀မှာသာ ဥပဒေတည်တဲ့
စစ်အာဏာရှင်ဆိုတာ အဲ့ဒီကောင်တွေပဲဗျ
ခင်ဗျားတို့ ခုကောင်းကောင်းခံစားနေရပီမလား?…။

credit