မောရဝတီရေတပ်မှ တစ်ပတ်အတွင်းထွက်ပြေးသူ (၃၉) ဦးရှိနေပြီဟု Ayeyarwaddy ကဝါဒဖြန့်ရေးသား

ဇွန်လ ၃ ရက် နံနက် ၁ နာရီခန့်အချိန်က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ မောရဝတီရေတပ် ဌာနချုပ်မှ တပ်စုတစ်စု စာရှိသည့် စစ်ကောင်စီတပ်သား ၂၇ ဦး လက်နက်နှင့် အတူထွက်ပြေး သွားကြောင်း ရေတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည် ဟု AyeyarwaddyTimes FacebookPage မှဝါဒဖြန့်ရေးသားထားပါတယ်။
ဖြစ်စဉ်အမှန်မှာ ####
ဒီကနေ့မနက် အဆိုပါရေတပ်ကနေ နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးအဖွဲ့တွေ ပုံမှန်သွားလာမှုရှိတာ မှန်ပါတယ် ။ ဒါကလည်း အကြမ်းဖက် PDF တွေက ဒီရက်ပိုင်း ကျောင်းတက်တဲ့ကလေးတွေ၊ NON CDM ဆရာ/ဆရာမ တွေကိုခြိမ်းခြောက်လာတဲ့ အတွက်ပုံမှန်အတိုင်း လုံခြုံရေးယူပေးတဲ့ သဘောပါပဲဟု လုံခြုံရေးယူနေတဲ့ ကိုရွှေဘတို့ဆီက သိရပါတယ် ။
ဒါကိုပြည်ဖျက်မီဒီယာတွေက တပ်ကိုရည်ရွယ်ချက်ရှိရှိ တပ်အင်အားမရှိတော့ကြောင်း နီပိန်းတွေယုံအောင် ပုံမှားရိုက်သတင်းနဲ့ (တစ်နည်းအားဖြင့်) အကြမ်းဖက် PDF တွေအသေအပျောက်များလာတာ၊ စိတ်ဓာတ်ပျက်ပြားပြီး တပ်ကိုအလင်းဝင်းလာတာ၊ တောထဲက PDF တွေစိတ်ဓာတ်မပျက်အောင် အခုလိုပဲ Fake News တွေရေးသားပြီး ဝါဒဖြန့် လာတယ်လိုမြင်ပါတယ်။
အဆိုပါပြည်ဖျက်မီဒီယာတွေရဲ့ ယခုလိုဆိုးဆိုးဝါးဝါး ဝါဒဖြန့်သတင်းတွေ ရေးသားလာတာဆိုရင် ၂၀၂၁ နောက်ပိုင်းကစပြီးယနေ့ ထိပါပဲ။ ၂၀၂၁ နောက်ပိုင်းကစပြီး သူတို့ဝါဒဖြန့်လာတဲ့ တပ်ပြေးအရေအတွက်ရဆိုရင် အမေရိကန်တောင် တက်သိမ်းလို့ရတဲ့ အင်အားရှိနေပါပီ။ အခုလိုပဲ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တပ်နှင့်ပြည်သူအကြား အမျိုးမျိုးသွေးခွဲလာတာတွေ့ရပါတယ် ။ အဆိုးဆုံးကတော့ ဘာသာရေးကိုပါ အသုံးချ စော်ကားလာခဲ့ကြတာပါ။ ဒီလိုအနောက်ကုန်းမီဒီယာတွေရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာခြင်းရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ……….တပ်ကိုခေါင်းတည်ပြီး သူတို့အဓိက ပြိုကွဲစေချင်နေတဲ့ ရည်ရွယ်ချက်က ဘာလဲ…….ပေါ့သေးသေးတော့မဟုတ်ဘူး…သေချာစဉ်းစားကြည့်ရင် ဘယ်လောက်ထိ ရွံဖို့ကောင်းလဲသိမှာပါ
သိမြင်ကြားကြပါစေ။