ဘီးလင်းမြို့နယ်၌ ဗုံးခိုကျင်းတူးခိုင်းကြောင်း သတင်းအတု

မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်အတွင်း ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများ တူးကြရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မွန်ပြည်နယ်၊ ဘီးလင်းမြိုအတွင်း ဌာနဆိုင်ရာ ရုံးများကို ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် အများပြည်သူ စိုးရိမ်ထိတ်လန့် မှုဖြစ်ပေါ်စေရန် ကောလာဟလသတင်းတုဖြန့်ဝေ ရေးသားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ မြိုနယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။