PDF များထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အသက် (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ နီလာဦးရပ်ကွက်ရှိ ဦးပြားပဲခွဲစက်အနီး၊ ခရိုင်ချင်းဆက်လမ်းဘေး အမှိက်ပုံတစ်ခု၌ ဇန်နဝါရီ (၃) ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် PDF အကြမ်းဖက်များထောင်ထားသည့် လက်လုပ်ရှော့တိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းအမှိုက်ပုံ၌ ဘူးခွံ၊ ပုလင်းခွံကောက်ယူနေသည့် စစ်ကိုင်းမြို့၊ နီလာဦးရပ်ကွက်တွင်နေထိုင်သူများဖြစ်သော အသက် (၄၅) နှစ်အရွယ် ကိုအောင်အောင် နှင့် အသက် (၃၂) နှစ်အရွယ် မသင်းသင်းလှ တိုတွင် မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) များ အသီးသီးရရှိခဲ့ပြီး အနီး၌ ရှိနေသည့် အသက် (၇) နှစ်အရွယ် မောင်ဇေယျာလင်း တွင် မိုင်းစထိမှန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သလို အသက် (၃) နှစ်အရွယ် မရှိုင်းဝါဆို သည်လည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရပါတယ်။