ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်း

ကျန်းမာသက်ရှည်စေသော လျှို့ဝှက်ချက်များတွင် ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်း ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရုံသာမက စိတ်ရွှင်လန်းမှုကိုပါ ရရှိစေပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းသည် ဇီဝကမ္မဖြစ်စဉ်အရ နှလုံးမှ ညှစ်ထုတ်နိုင်သော သွေးပမာဏနှင့် တစ်မိနစ် နှလုံးညစ်အား တိုးတတ်
လာစေပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးလည်ပတ်မှုစနစ် ကောင်းမွန်လာစေပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓါတ်နှင့် အောက်ဆီဂျင်များ ပို့ဆောင်မှု ကောင်းမွန်စေပြီး မလိုလားအပ်သော စွန့်ပစ်ပစ္စည်းများကို
ကျောက်ကပ်နှင့် အဆုတ်တို့မှ များများနှင့်မြန်မြန် စွန့်ပစ်နိုင်ရန် အကူအညီပေးပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ ဖြစ်ပွားမှုတို့ကို
၅၀% ခန့် လျော့ချပေးနိုင်ပါတယ်။
ဆေးခန်းပြစရာမလို၊ အလွယ်တကူ ငွေမကုန်ဘဲ ချက်ချင်းအကျိုးကျေးဇူးရရှိစေတာကတော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းပါပဲ။

ယနေ့ခေတ်တွင် လူငယ်လူရွယ်များဟာ Computer, I Pad, Mobile Phone, Internet အသုံးပြုခြင်း၊ တီဗွီကြည့်ခြင်း၊ ဂိမ်းကစား
ခြင်းများတွင် အချိန်များစွာသုံးပြီး လေ့ကျင့်ခန်းလုပ်ဆောင်မှု နည်းပါးနေပါတယ်။
ပညာလည်းသင် စာလည်းဖတ်ပြီး Computer, Internet စသည်တို့ကိုလည်း အချိန်နှင့် အသုံးပြု၍ အားကစားတစ်မျိုးမျိုးကိုပါ
မျှတအောင် နေ့စဉ်အလေ့အထ ဖြစ်အောင် ပြုလုပ်သင့်ပါတယ်။

အားကစားနည်းများစွာရှိရာတွင် မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ဆောင်ရွက်နိုင်ပါတယ်။ ဥပမာ- ဘောလုံးကစားခြင်း၊ ရေကူးခြင်း၊
ခြင်းခတ်ခြင်း၊ ဘော်လီဘောကစားခြင်း စတာတွေ ဖြစ်ပါတယ်။

လမ်းလျှောက်ခြင်းဆိုတာ အသက်အရွယ်၊ ကျား/မ မရွေး ပြုလုပ်နိုင်တဲ့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားခြင်း ဖြစ်ပါတယ်။
ကျန်းမာကြံခိုင်မှုကို ပေးနိုင်ပြီး လူတိုင်း ဆောင်ရွက်နိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။

လမ်းလျှောက်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
– မကောင်းသော ကိုလက်စထရောကို ကျစေခြင်း၊
– ကောင်းသော ကိုလက်စထရောကို တတ်စေခြင်း၊
– သွေးပေါင်ချိန် လျော့ကျစေခြင်း၊
– သွေးချို၊ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျော့ကျစေခြင်း၊
– ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ခြင်း၊
– စိတ်ရွှင်လန်းစေခြင်း၊
– ခန္ဓာကိုယ်ကြံ့ခိုင် ကျန်းမာသန်စွမ်းနေစေခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအကျိုးကျေးဇူးတွေကို ခပ်သွက်သွက် လမ်းလျှောက်ခြင်းမှ ရရှိနိုင်ပါတယ်။
ဖြေးဖြေးမလျှောက်ပါနှင့်၊ ခပ်သွက်သွက် ခပ်မြန်မြန် လျှောက်ပါ။
ခပ်သွက်သွက် လမ်းလျှောက်ခြင်းဟာ အခြားပြင်းထန်သော အားကစားများကဲ့သို့ပင် နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။
နေ့စဉ် နာရီဝက် ပုံမှန် လမ်းလျှောက်ရန် လိုအပ်ပါတယ်။ အချိန်မပေးနိုင်လျှင် နံနက် ၁၅ မိနစ်၊ ည ၁၅ မိနစ်ခန့်လည်း လျှောက်နိုင်ပါတယ်။
တစ်ရက်လျှင် မိနစ် ၃၀ သို့မဟုတ် ရက်သတ္တပတ်လျှင် ၂ နာရီခွဲခန့် လမ်းလျှောက်လျှင် လုံလောက်ပါတယ်။

ယနေ့ခေတ်တွင် အချိန်မရှိခြင်း၊ အလုပ်များခြင်းစသော အကြောင်းပြချက်မျိုးစုံဖြင့် လေ့ကျင့်ခန်းပြုလုပ်ရန် အချိန်မပေးနိုင်သူ များစွာရှိပါတယ်။
တစ်ရက်လျှင် ၁၅ မိနစ်ခန့် အချိန်ပေးနိုင်လျှင်ပင် မိမိအိပ်ခန်းအတွင်း မည်သည့်အထောက်အကူ ပစ္စည်းမှ မလိုဘဲ လုံခြုံစိတ်ချစွာ လေ့ကျင့်နိုင်
သော အားကစားနည်း များစွာရှိပါတယ်။
ဥပမာ- ထိုက်ကျိ၊ ယောဂ၊ အိမ်တွင်းလမ်းလျှောက်ခြင်း စသည်တို့မှ မိမိနှစ်သက်ရာ ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းကို နေ့စဉ်အလေ့အထဖြစ်လာအောင် လေ့ကျင့်ယူခြင်းဖြင့် ကိုယ်ခန္ဓာသန်စွမ်း၊ စိတ်ရွှင်လန်းမှုကို ရရှိစေပြီး ကျန်းမာ
ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။