စည်းလုံးခြင်း၏ နိမိတ်ပုံ

unity

===============
အုတ်တစ်ချပ်နှင့်
အထပ်မြင့်မား၊ တိုက်များမဖြစ်–။
သဲတစ်ပွင့်နှင့်
ကဲဆင့်မောက်ဟီး၊ တောင်ကြီးမဖြစ်–။
နှမ်းတစ်စေ့နှင့်
ဆန်းပေ့စည်ဝေ၊ ဆီတွေမဖြစ်–။
ရေတစ်ပေါက်နှင့်
မွှေနှောက်ပြင်ကျယ်၊ ပင်လယ်မဖြစ်–။
သဘာဝ၏
လွှာပြပုံခင်း၊ အကြောင်းရင်းနှင့်
ကောင်းခြင်းပြည့်စုံ၊ နိမိတ်ပုံကို
အာရုံဖြန့်ခွဲ၊ ကောက်ချက်ဆွဲမိ
အောင်ပွဲဟူသည် စည်းလုံးခြင်း။ ။
crd-ပုလောစိုးနံ့သာ

unity
unity