ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းဆီကို ပီလီအမည်နှင့် ဘောလုံးကွင်းအမည်တစ်ခုစီ ပေးအပ်မှည့်ခေါ်ဂုဏ်ပြုမည်

ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ ပီလီရဲ့ဈာပနအခမ်းအနားဆီကို တက်ရောက်လာပြီး ပီလီရဲ့ကျန်ရစ်သူ ဇနီးသည် မာစီယာ အေအိုကီကို အားပေးနှစ်သိမ့်ခြင်းနဲ့အတူ သတင်းထောက်တွေနဲ့တွေ့ဆုံကာ ထူးခြားတဲ့ သတင်းစကားတစ်ခုကိုလည်း ပေးအပ်သွားခဲ့ပါတယ်။

အဲ့ဒီစကားကတော့ ဖီဖာအဖွဲ့ချုပ်ကနေတဆင့် ကမ္ဘာမှာရှိတဲ့ နိုင်ငံတိုင်းဆီကို ပီလီအမည်နှင့် ဘောလုံးကွင်းအမည်တစ်ခုစီ ပေးအပ်မှည့်ခေါ်ဂုဏ်ပြုပေးဖို့ တိုက်တွန်းတောင်းဆိုသွားမယ်ဆိုတဲ့ သတင်းစကားပါပဲ။

ပီလီဆိုတာ လူပဲသေသွားခဲ့တာ အားကစားလောကနဲ့ လူတွေရင်ထဲမှာတော့ အမြဲတမ်းရှိနေတယ်ဆိုတဲ့ သက်သေတစ်ခု။