မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷စိတ်ဘ၀အေးရေး ဦးစားပေးပါ🌷

ဘယ်လိုလောကဓံပဲလာလာ
အဆင်ပြေစွာ ရင်ဆိုင်နိုင်စွမ်ရှိပြီဆိုရင်
ဘ၀က ပြည့်စုံပြီလို့ဆိုရမှာပါ ။

ဘ၀မှာ လောကီချမ်းသာ
အခွံတွေနဲ့ပဲ လျှောက်လှမ်းနေလို့
အရာရာ မပြည့်စုံနိုင်ပါဘူး ။

ခွဲခွာပျက်စီးခြင်းတွေရှိလာရင်
စိတ်ပူလောင်မှုသောက‌တွေရှိလာရင်

အပေါ်ယံချမ်းသာတွေဟာ
အပိုသက်သက်တွေလိုဖြစ်သွားပါတယ် ။

နှလုံးသွင်းစရာ အနိစ္စတရားတွေ
အားထားစရာ ကိုယ်ကျင့်သီလတွေနဲ့
မှန်စွာအဖော်ပြုထားမှ သက်သာရမှာပါ ။

ချမ်းသာအောင်မြင်ရေးတွေရဲ့နောက်မှာ
အပူသောကတွေဟာ ကပ်ပါနိုင်လို့
ရှိရေးချည်းထဲ ဦးစားမပေးထားပါနဲ့ ။

စိတ်ဘ၀အေးရေးကိုလည်း
ကိုယ်စီ ပြင်ဆင်ထားနိုင်ဖို့လိုပါတယ် ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏