ချောင်းနှစ်ခွတွင် အကြမ်းဖက်များ၏ အလောင်း၊ လက်နက်များရရှိ

ဖေဖော်ဝါရီလ ၇ ရက်၊ နေ့လည် ၁ နာရီအချိန်ခန့်က ချောင်းနှစ်ခွနယ်မြေအား အခြေပြုလျက်ရှိသည့် လုံခြုံရေးအဖွဲ့ဝင်များမှ ချောင်းနှစ်ခွကျေးရွာ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဥ် ချောင်းနှစ်ခွကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာသို့ ရောက်ရှိချိန်၌ အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်တွင် မိမိဘက်မှထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ-

  • ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် မှောက်လျက်သေဆုံးနေသည့် PDF အလောင်း ၁ လောင်း။
  • တရုတ်နိုင်ငံထုတ် CS/LS 06 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ၉ မမကျည် ၂ တောင့်။
  • ဒေသန္တရလက်လုပ် ရှေ့ထွက်မိုင်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်

Saw Ba Maung