ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်လို့ ပြည် သူများသေဆုံးခဲ့ရခြင်းကို ဖုံးကွယ်ဖို့ Khit Thit မှ ဉာဏ်ဆင်

ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် ပြင်ဦးလွင်မြို့အတွင်းသို့ TNLA/ PDF အကြမ်းဖက် သောင်းကျန်းသူများပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးများကျရောက် ပေါက်ကွဲမှုကြောင့်

  • အောင်မြေဇေယျာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်မှုကြောင့် ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူ၊ အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်(စိုးရိမ်ရ)။
  • ပြည်သူ့ဆေးရုံ အရိုးကုသဆောင်ပေါ်သို ကျရောက်မှုကြောင့် အရပ်သား လူနာ ၆ ဦး ဒဏ်ရာရ(၁ စိုးရိမ်ရ ၅ မစိုးရိမ်ရ)။
  • Hotel တစ်ခုခြံစည်းရိုးအနီး ကျရောက်မှုကြောင့် ထိခိုက်မှုမရှိ။ အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများနှင့် ရဟန်းသံဃာတော်များအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းကို Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ အပြစ်မဲ့ပြည်သူများသေဆုံးဒဏ်ရာရခြင်းကို ဖုံးကွယ်ရေးသားလို၍ ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ပြီးနောက် သင်္ကြန်လာသူများ အကုန်ဆင်းပြေး၊ ဆေးရုံအဆောင် ဒုံးထိမှန်၍ ဆေးရုံတက်သူများလည်း ဆေးမကုတော့ဘဲ ဆင်းသွားတယ်လို လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။