Air KBZ လေကြောင်းလိုင်းက Mingalar ဆိုတဲ့အမည်သစ်ကို စတင်ပြောင်းလဲအသုံးပြု

ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Air KBZ လေကြောင်းလိုင်းဟာ Mingalar ဆိုတဲ့အမည်သစ်ကို ဇန်နဝါရီ ၆ ရက် ကစပြီး ပြောင်းလဲအသုံးပြုလိုက်ပြီဖြစ်တယ်လို့ သူတိုရဲ့လူမှုကွန်ရက်စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်ကနေ အသိပေး ကြေညာထားပါတယ်။

Air KBZ နာမည်ကနေ Mingalar Aviation Services ကုမ္ပဏီလီမိတက်အဖြစ် အမည်ပြောင်းလဲတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက် ရက်စွဲနဲ့ ခွင့်ပြုပေးခဲ့တာဖြစ်ပေမယ့် အခုအခါမှသာ Mingalar လေကြောင်းလိုင်းဆိုတဲ့နာမည်ကို စတင်သုံးစွဲတာဖြစ်ကြောင်းလည်းသိရပါတယ်။