ကံ ကံ၏အကျိုး

တစ်ခါတုန်းက…
လူမိုက်တစ်ယောက်ဟာ ခရီးတစ်ခုကို ထွက်ခဲ့ပါတယ်။
လမ်းခရီးတစ်လျှောက်လုံး
တွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီး
ဖျက်ဆီးခဲ့တယ်တဲ့။
ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ်ခုနားကို
ရောက်တဲ့အခါမှာ
ချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။
ဒီလိုနဲ့ ခရီးဆက်ခဲ့တာ
ရေအိုးစင်တစ်ခုကိုလည်းတွေ့ရော

မောမောနဲ့ ရေသောက်ဖို့လုပ်တယ်။
ဖြစ်ချင်တော့…
ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။
အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီး
ရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။
အဲဒီလိုနဲ့ ခရီးဆက်သွားရင်း
ညောင်ပင်ကြီးတစ်ပင်အောက်ကို
ရောက်သွားပါတယ်။
အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီး
အနားယူနေတဲ့ အချိန်မှာပဲ
ရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။
လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့
ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။ ထိုနည်းတူစွာပဲ…
လူကောင်းတစ်ယောက်ကလည်း
လူမိုက်ထွက်ခဲ့တဲ့ လမ်းခရီးအတိုင်း သွားခဲ့ပါတယ်။
လမ်းခရီးတစ်လျှောက်လုံး ပျက်ဆီးသမျှတွေကို

ပြုပြင်တယ်။ ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲလို့
လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့
အချိန်မှာပဲ

သိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။
ပထမလာတဲ့ လူမိုက်သည်…

အရင်ဘဝက
ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့ လူမိုက်ဖျက်ဆီးခဲ့တဲ့ တံတားနားကိုရောက်တဲ့
အခါမှာ…
ဟင်…
တံတားက ပျက်ဆီးနေပါလား။
ငါဒီအတိုင်းထားခဲ့လိုက်ရင်
ခရီးသွားပြည်သူတွေ ဒုက္ခရောက်မယ်ဆိုပြီး
တံတားကို
ပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်။
လူကောင်းလည်း ခရီးဆက်ထွက်ခဲ့ရာ
လူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့
ရေအိုးအသစ်တစ်လုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ပြန်တယ်။
အဲဒီလိုနဲ့ ခရီးထွက်လာလိုက်တာ
လူမိုက်ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီးအောက်လည်း
ရောက်ရော
မောလိုက်တာဆိုပြီး ထိုင်ချလိုက်တဲ့အချိန်မှာပဲ
သစ်ပင်ပေါ်ကနေ
ညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကိုကျကာ
ပေါင်ကျိုးသွားခဲ့ပါတယ်။
အဲဒီတော့…
လူကောင်းက…ငါဒီလောက် ကောင်းမှုကုသိုလ်တွေ
လုပ်နေရက်သားနဲ့ ဘာဖြစ်လို့များ ကံဆိုးမိုးမှောင်ကျရတာလဲလို့ လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့တဲ့ အချိန်မှာပဲ သိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။ ပထမလာတဲ့ လူမိုက်သည် အရင်ဘဝက ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်

ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာ
ရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။ဒါပေမဲ့…
သူသည် အခုလက်ရှိဘဝမှာ
မကောင်းမှုတွေလုပ်တာများတဲ့ အတွက်ကြောင့်
ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။
အသင်ဟာ အရင်ဘဝက…
အကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်
ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့အချိန်မှာ
ညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။
ဒါပေမဲ့…
သင်သည် အခုလက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေ
အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်
အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်းဖြစ်တယ်
အသင်လူသားဆိုပြီး ရှင်းပြခဲ့ပါတယ်။
ဒါကြောင့် သူတော်ကောင်းတို့လည်း…
ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့
မကောင်းတာတွေပဲဖြစ်နေတယ်လို့
ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။
ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်
အခုလက်ရှိဘဝမှာ
မကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်း
မမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။
အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင်
နောင်လာမယ့်
အနာဂါတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာ
အသေအချာပါပဲနော်…