ဘဝဆိုတာ ဒါပါပဲ

အဝတ်ဗလာနဲ့ လာခဲ့တယ်။
အဝတ်တစ်ထည်, ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်

ငိုကြွေးပြီး ရောက်လာကြတယ်။
ငိုကြွေးကြပြီး ပြန်သွားရတယ်။

ဥစ္စာဓန ပစ္စည်းတွေ မပါဘဲ လာခဲ့တယ်။
ဥစ္စာဓန ပစ္စည်းတွေ ထားပြီးပဲ ပြန်ရမယ်။

တစ်စုံတစ်ယောက်ကပဲ
ပထမဆုံး ရေချိုးပေးသလို..
တစ်စုံတစ်ယောက်ကပဲ
နောက်ဆုံး ရေချိုးပေးမှာပါပဲ။

ဘဝဆိုတာ ဒါပဲလေ

ဘာကြောင့်များ
မနာလိုမှုတွေ၊ ဝန်တိုမှုတွေ
အငြိုးတေးတွေ၊ မာန်မာနတွေ
အမုန်းတွေ၊ မကျေမချမ်းမှုတွေ၊
လောဘ ဒေါသ မောဟ တွေ
များနေကြရမှာပါလဲ…???

လက်ဗလာချည်း ပြန်ကြရမယ့်
သူတွေချည်းပါပဲ။

တစ်ဦးနဲ့တစ်ဦး
ကြင်နာပါ၊ ဖေးမပါ၊ ကူညီပါ။
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ရမှာက
အကန့်အသတ်လေးနဲ့မို့…
အချိန်တွေကို တန်ဖိုးထားကြပါ။

တကယ်ဆို-
ဘဝမှာ ကုသိုလ်, အကုသိုလ်ကံကလွဲပြီး
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိပါဘူး။

crd_to_original uploader.