အစိုးရမြေ၊ ကျူးကျော်မှု

အစိုးရမြေပေါ် ဝင်ရောက်ခွင့်မရှိဘဲ၊ လက်ရှိထားခွင့်(Possession) မရှိဘဲ ဒါမှမဟုတ် နေထိုင်ခွင့်မရှိဘဲ ဝင်ရောက်ရင်၊

လက်ရှိထားရင်၊ နေထိုင်ရင် ကျူးကျော်သူ (Trespasser)အဖြစ် အရေးယူခံရနိုင်ပါတယ်။

ကျူးကျော်သူတွေကို တရား ရုံးတွေမှာ ရာဇဝတ်မကင်းတဲ့ကျော်နင်းမှု (Criminal Trespass) ကျူးလွန်တယ်ဆိုပြီး

တရားစွဲကြပါတယ်။ တရားမမှုဆို ရင်လည်း သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ ကျူးကျော်သူကိုနှင်ထုတ်လိုမှု စွဲကြပါတယ်။

မြေပိုင်ဆိုင်သူက ပိုင်ဆိုင်ခွင့်အပေါ် အခြေခံပြီး နှင်ထုတ်လိုမှုစွဲဆိုတာကို မပိတ်ပင်ပေမယ့် အစိုးရမြေနဲ့ ပတ်သက်ရင် ပုဒ်မ-၉ အရ

အစိုးရအပေါ် တရားစွဲဆိုခွင့် မရှိဘူးဆိုတာကို သိရပါမယ်။

အစိုးရမြေကို နေထိုင်အသုံးပြုခွင့်မရှိဘဲ ဝင်ရောက်သူဟာ ကျူးကျော်သူသာ ဖြစ်တယ်။ အစိုးရမြေပေါ် နေထိုင်ရန်အတွက်

ဂရန်၊ အငှားဂရန်၊ လိုင်စင်စသည်ဖြင့် ချထားခံရမှသာ နေထိုင် ခွင့်ရှိပါတယ်။ ဒီမြေပေါ်နေလာခဲ့တာ ၁ဝ နှစ်ကျော်ပါပြီပဲပြောပြော၊

လွန်ခဲ့တဲ့ ဘယ်ကာလကတည်းက နေလာတာပဲပြောပြော၊ တရားဝင်နေထိုင်ခွင့် လျှောက်ထား မရယူဘဲ ကျူးကျော်သူအဖြစ်နေခဲ့တာဆိုရင်

အဲဒီနေထိုင်မှု တွေကို ထည့်သွင်းစဉ်းစားလို့ မရပါဘူး။ အစိုးရမြေကို ကျူး ကျော်သူဟာ တည်ဆဲမြေနှင့် အခွန်ဥပဒေများအရ

အရေးယူ ဖယ်ရှားခံရမှာသာဖြစ်ပါတယ်။

ဒီလိုပါပဲ၊ တရားဝင်နေထိုင်ရန် ဂရန်၊ အငှားဂရန်၊ လိုင်စင် စသည်တို့ ရခဲ့ပေမယ့် နေထိုင်ခွင့်ပြုခဲ့တဲ့ သက်တမ်းကုန်ဆုံး သွားရင် နိုင်ငံတော်ကို

အသာတကြည် ပြန်လည်လွှဲပြောင်း ပေးရမယ်လို့ စာချုပ်စည်းကမ်းမှာ ပါရှိထားတော့ ဂရန်သက် တမ်းကုန်ရင် အစိုးရမြေပြန်ဖြစ်သွားတဲ့သဘော ရှိပါတယ်။

တရားဝင်နေထိုင်ခွင့် ဂရန်သက်တမ်းသစ် ဆက်လက်လျှောက် ထား ရယူမထားရင်တော့ ယခင်ကခွင့်ပြုခဲ့တဲ့ ဆက်လက်နေ ထိုင်ခြင်းဟာလည်း

အစိုးရမြေပေါ်ကျူးကျော်သူလို့ သတ်မှတ် ခံရနိုင်ပါတယ်။ ငါတို့မြေက ဂရန်မြေပဲ၊ ပြန်အသိမ်း မခံရဘူး လို့ထင်ရင် မှားလိမ့်မည်ဖြစ်ပါတယ်။
***သစ္စာရှင်(ဥပဒေ)