ကြက်အစာမကြေခြင်း

ကြက်တွေ အစာမကြေခြင်းဟာ ညနေဘက် ဝမ်းအေးတဲ့အစာ ကျွေးမိကာအစာခြေဖျက်မှုနှုန်း
အားနည်း၍သော်လည်းကောင်း၊ ဆောင်းရာသီဥတုဒဏ်ကြောင့် ကြက်ကျန်းမာရေး မကောင်း၍သော်လည်းကောင်း၊
အစာအစီးနှင့် အစာချေဖျက်ရန်ခက်ခဲသည့် အစာအမာ စပါးနှင့်ဆန် ရောစပ်ကျွေးမှုများသွား၍ သော်လည်းကောင်း၊
အစာမကြေခြင်းဖြစ်စေပါတယ်။ အစာမကြေခြင်း မဖြစ်စေရန် ကြက်အစာအစိမ်းကျွေးရပါတယ်။
ဖြည့်စွက်အစာ ဝယ်မကျွေးနိူင်ပါက ဂေါ်ဖီရွက်၊ ဆလက်ရွက်၊ ကန်စွန်းရွက်၊ နေဗီယာမြက်၊ ပြောင်းဖူးအစိမ်း စသည်တို့ကို
အဆင်ပြေရာ ရောစပ်ကာ စင်း၍ကျွေးရပါမယ်။
အစာအစိမ်းကျွေးခြင်း အကျိုးကျေးဇူးကြောင့် ကြက်အချင်းချင်း အမွှေးနုတ်စားခြင်း၊ ကြက်တစ်ကောင်နှင့်
တစ်ကောင်ဆိတ်ခြင်း ကင်းဝေးစေနိူင်ပြီး အစာစိမ်းမှာ ကစီဓာတ်၊ ပရိုတိန်းဓာတ်၊ အာဟာရဓာတ်လုံလောက်စွာပါဝင်၍
အစာစိမ်းကျွေးပါက ဖြည့်စွက်အစာဝယ် ကျွေးရန်မလိုအပ်ပါ။
သတိပြုရန်မှာ ကြက်များကိုအစာစိမ်းများများကျွေးပါက
ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း ဖြစ်ပေါ်စေနိူင်၍အစာစိမ်းကျွေးသည်အခါ ကြက်တွေကို တစ်ပတ် တစ်ကြိမ်ခန့် သံချပေးရပါမယ်။
အစာမကြေခြင်းအတွက်ကတော့ နံနက်စောစောအိပ်တန်းဆင်းချိန်တွင် ကြက်ကိုဘားပလက်တစ်လုံးတိုက်၍
ရေအဝတိုက်ပါ။ တစ်နာရီလောက် အုပ်ဆောင်းဖြင့်အုပ်ထားကာ အစာကုန်၊ရေကုန်သွားအောင် ဝမ်းသွားပြီးမှ
ကြက်ကို အစာအသစ် ဇလုံတစ်ဝက်ခန့် ကျွေးပါ။
ကြက်ကို အစားကျွေးပြီးတိုင်း ဆနွင်းနှင့် ပျားရည် ဆတူရောစပ်ကာ မန်ကျီးစေ့ခန့်လုံး၍ တစ်လုံး ၊နှစ်လုံးခန့်
ကျွေးခြင်းဖြင့် အစာခြေဖျက်မှု ပိုမိုမြန်ဆန်စေပြီး အစာအိမ်မှာရှိတဲ့ အညစ်အကြေးနဲ့ အနာတို့ကို
လျင်မြန်စွာ ပျောက်ကင်းစေပြီး အစာမကြေတဲ့ကြက်တွေကို ပုံမှန်ကျွေးချိန်ထက် စောစောကျွေးပေးရန် မမေ့ပါနှင့်။