ရှမ်းပြည်နယ်ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၇ ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းထဲမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမယ်လို့ သိရပါတယ်…အဲဒီ မီးပုံးပျံပွဲတော်မှာ ၂၅ ပေရှိ ညမီးကြီးမီးပုံးပျံ ၁၅ လုံး၊ ၂၂ ပေရှိ ညမီးကြီးမီးပုံးပျံ ၂၃ လုံး၊ ၁၈ ပေရှိ စိန်နားပန်မီးပုံးပျံ ၂၅ လုံး၊ ညလွှတ်မီးပုံးပျံအလုံးရေ စုစုပေါင်း ၆၃ လုံး လွှတ်တင်သွားမယ့်အပြင် နေ့လွှတ်အရုပ် ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း အရုပ်အုပ်စုတွေကိုလည်း လွှတ်တင်ကျင်းပသွားမှာဖြစ်ပြီး မီးပဒေသာလှည့်လည်ပူဇော်ပွဲနဲ့ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးနှိုးဆော်လိုက်ရပါတယ်….
ဆက်စပ်အကြောင်းအရာများ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို၌ ကျင်းပသော သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား
- ပုည
- April 13, 2023
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို၌ ကျင်းပသော သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားပုံရိပ်တွေပဲဖြစ်ပါတယ်ရှင့်
ကဲဗျာ…ဒီတစ်ခါတော့ အမျိုးတို့ရဲ့ အသဲကျော်အာမီရမ်အကြောင်း Review လေးပေါ့
- ပုည
- September 23, 2022
ငှက်ဖျားရောဂါကိုပျောက်ကင်းနိုင်ပါတယ် ဆိုတာက မက်ဖလိုကွင်း ပါတယ် လို့ပြောတာပါ။ Alcohol vol 43% ပါဝင်လို့ အပြင်း ကြိုက်သူတွေ အတွက်တော့ အသည်းစွဲပါပဲ။ ရောင်ပေစူးနဲ့ကောင်လေးတွေ အတွက်တော့ […]
မိတ္ထီလာမြို့တွင်လောင်းလှေပြိုင်ပွဲကို (၈) ရက်ကြာ ထည့်သွင်းကျင်းပမည်
- ပုည
- September 20, 2023
(၁၄ဝ) ကြိမ်မြောက် မိတ္ထီလာ့ သမိုင်းဝင် ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို (၈)ရက်ကြာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ လှေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ သိရသည်။ အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို […]