ကဲဗျာ…ဒီတစ်ခါတော့ အမျိုးတို့ရဲ့ အသဲကျော်အာမီရမ်အကြောင်း Review လေးပေါ့

ငှက်ဖျားရောဂါကိုပျောက်ကင်းနိုင်ပါတယ်
ဆိုတာက မက်ဖလိုကွင်း ပါတယ် လို့ပြောတာပါ။
Alcohol vol 43% ပါဝင်လို့ အပြင်း
ကြိုက်သူတွေ အတွက်တော့ အသည်းစွဲပါပဲ။
ရောင်ပေစူးနဲ့ကောင်လေးတွေ
အတွက်တော့ ပျို့ချင်အန်ချင်စရာပါ။

650 ml ပါတဲ့အတွက် သုံးလေးယောက်
အနည်းဆုံးဝိုင်းသောက်မှ အဆင်ပြေမှာပါ။
မဟုတ်ရင်တော့ ပလပ်ကျွတ်
ရုံတင်မက ပြုတ်ထွက်သွားနိုင်ပါတယ်။
တစ်ဗွေထဲမသောက်သင့်ပါဘူး။

တစ်ယောက်ထဲသောက်ဖို့ကြံနေပြီဆိုရင်တော့
အတော် အကြံပတ်စက်တယ်လို့ပဲပြောပါရစေ။
ပြီးတော့လဲ ဘော်ဒါတွေကိုသစ္စာဖေါက်တာပါ။
ဝေစားမျှစား သေဘာတရားကို နားမလည်သူ
တဘို့ထဲသမား အမောင်နွားလို့ပဲခေါ်ပါရစေ။
အာမီရမ်ကို ရေနဲ့ရော အချိုရည်နဲ့ရော
ဆားငန်သီးနဲ့ရော သကြားနဲ့ရော စသည်ဖြင့်
အမျိုးမျိုးရောစပ်ပြီး သောက်ကြပါတယ်။

ရေများသွားရင် ရုပ်မထွက်တော့သလို
ရေနည်းရင်လည်း ရှတတနိုင်ပါတယ်။

အချိုရည်နဲ့ရောတာကတော့
သရဖူ အဆီပုလင်း သကြား ဆား
သံပုရာသီး စသည်ဖြင့် ရောရပါတယ်။

တစ်ခြား ဆန်းကစ်တို့ ကျွဲရိုင်း
တို့နဲ့ ရောသောက်ခြင်းဟာ
အာမီရမ်ရဲ့ တန်ဖိုးကိုချတာနဲ့တူပါတယ်။
ကိုလာနဲ့လဲမမိုက်ပါဘူး။

အာမီရမ်ရယ် ဆားငန်သီး တစ်ဆုပ်ကို
သကြားငါးကျပ်သား ရောပြီး
၇ရက်ကြာ ဥထားရတဲ့နည်းလည်းရှိတယ်။

အာမီရမ် ကိုယ်တိုင် ၃ နှစ်ဥထားပြီးသားပါ။
Shake ရင် အရသာတစ်မျိုး
မွေရင် အရသာတစ်မျိုးထွက် ပါတယ်။

ခွက်ကပ်ကိုရေကျင်း သောက်ရတဲ့
အခိုက်အတန့် ဆိုတာ အာမီရမ်
သောက်ဖူး သူတွေသာနားလည်မှာပါ။

ARMY RUMကို ရေရောစပ်ရင် ဗျောကနဲဖြစ်အောင်ရေကိုမရောရဘူး။ဖန်ခွက်နှစ်လုံးကိုစောင်းပြီးဖြေးဖြေးချင်း ရေရောရတယ်။ရေများရင်ခါးသွားတယ်။အနေတော်ရောရင် ချိုသလားမမေးနဲ့။သောက်ဘူးရင်အမေနဲ့ရွာကိုမေ့သွားလောက်အောင်
ကောင်းပါတယ်။

အဲ့တော့ ရသမျိုးစုံပေးစွမ်းနိုင်ပြီး
ကျန်းမာရေးအတွက် အစွမ်းထက်တဲ့Army Rum လေးပါလို့…
#အရက်သုသေသီ……………..