ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဇွန်လ ၂ ရက်တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက သွားရောက်ကြည့်ရှု၍ အသက် (၂)နှစ်အောက် ကလေးငယ်များကို (၅)မျိုးစပ်ကာကွယ်ဆေးများ ထိုးနှံနေမှုအခြေအနေများ၊ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်းသိရပါတယ်။
ဆက်စပ်အကြောင်းအရာများ
မုန်တိုင်း မိုခါသင့် ဒေသများအတွက် အမေရိကန်မှ ဒေါ်လာ(၂)သိန်း ကနဦးထောက်ပံ့မည်
- အေးခင်
- May 18, 2023
မုန်တိုင်းမိုခါကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရခိုင်နှင့်ချင်းဒေသတွင် ဆောင်ရွက်လျက်ရှိတဲ့ ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် အမေရိကန်မှ ကနဦးအနေဖြင့် USAID မှတစ်ဆင့် $ ၂ သိန်း ကနဦးပေးအပ်ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး ထုတ်ပြန်ချက်အရသိရှိရပါတယ်။ […]
မြန်မာ – ရုရှား နှစ်နိုင်ငံတပ်မတော် ချစ်ကြည်ရေးပွဲ
- ပုည
- November 5, 2023
မြန်မာ – ရုရှား နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ နှင့် ရုရှားရေတပ် သံစုံတီးဝိုင်းအဖွဲဖျော်ဖြေပွဲကျင်းပခဲ့သည်။ ထိုပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး […]
မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်
- Admin
- November 13, 2022
ကိုယ်လောဘကိုလျှော့လိုက်တော့ပြည့်စုံခြင်းတွေဟာအလိုလိုရောက်လာပါတယ် ။ ဒေါသကို လျှော့လိုက်တော့ကျေနပ်မှု အေးမြခြင်းတွေဟာကိုယ်ဆီမှာပဲ ကျန်နေရစ်ပါတယ် ။ ကိုယ့်မာနကို လျှော့လိုက်တော့မနှုတ်ဆက် မခေါ်ချင်မှုတွေဟာကိုယ့်ဆီကနေ ထွက်ခွာသွားကြတယ် ။ မနာလိုခြင်းကို လျှော့လိုက်တော့ပျော်ရွှင်မှုတွေဟာကိုယ့်သန္တာန်မှာ ရလာပါတယ် […]