မာန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းကာ မေလ ၁ ရက်ယနေ့ နံနက် ၈နာရီက မြိုပေါ်ရပ်ကွက် အတွင်းရှိ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာ နေရာများ တွင် Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်.။