နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က နိုင်ငံတော်၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အလုပ်သမား ဆေးရုံကြီး (၃)ခု၊ လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၈)ခန်း၊ တိုင်းရင်းဆေးခန်း (၁)ခန်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်း(၃၆)ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂)စီးတို့ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် မေလ ၁ ရက်နေ့တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ၌ ဂုဏ်ပြုပြောကြားခဲ့ပါတယ်.။