မိုးကောင်းမြိုနယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦး သေဆုံး

ဒီဇင်ဘာ၃၀ရက် နေ့လယ်ပိုင်းတွင် မိုးကောင်းမြိုနယ်ပြည်သူ့ဆေးရုံသို သေနတ်ဒဏ်ရာဖြင့် အမျိုးသား အလောင်း ၁
လောင်း ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ကသွားရောက်စစ်ဆေးရာ ဦးထွန်းမြင့် ကဝါးယံ ကျေးရွာ
မိုးကောင်းမြိုနယ်နေသူတွင် နဖူးဝဲဘက်ကျည်ဖောက်ဝင်ပြီးနောက်စေ့သို ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်
ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ လည်ပင်းဝဲဘက်ပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ဝဲလက်
ကောက်ဝတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စုစုပေါင်း ဒဏ်ရာ ၅ ချက်)ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ဖြစ်စဥ်အားစိစစ်ရာ ဦးထွန်းမြင့်နှင့် ၎င်း၏တူတော်စပ်သူ ထွန်းကျော်ဦးတို ၂ ဦးသည် မမစ(မိုးကောင်း)၏
အနောက် မြောက်ဘက် ၉ မိုင်ခန့်အကွာ ကဝါးယံကျေးရွာ၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာ တွင် လွန်ခဲ့သော
(၁)လခန့်မှ စ၍ တောင်ယာလုပ်ငန်းများလုပ်ကိုင်ရန် ညအိပ်နေထိုင်ခဲ့ကြကြောင်း၊ ဒီဇင်ဘာ ၂၉ရက် ညပိုင်းတွင်
ဦးထွန်းမြင့်နှင့် ထွန်းကျော်ဦး တို ၂ ဦးသည် လယ်တဲ၌အိပ်ခဲ့ကြကြောင်း၊ ဒီ ၃၀ရက် နံနက်၆နာရီအချိန်တွင်
သေနတ်သံ ၂/၃ ချက်ခန့်ကြားရ၍ ထွန်ကျော်ဦးမှ ထကြည့်ရာ ဦးလေးတော်စပ်သူ ဦးထွန်းမြင့်တွင် သေနတ်ဒဏ်ရာ
များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ထပ်မံစိစစ်ရာ အကြမ်းဖက်အုပ်စု PDF/KIA သောင်းကျန်းသူ
ခေါင်းဆောင်(စိစစ်ဆဲ) ၂ ဦးတိုသည် အခင်းဖြစ်နေရာမှ မိုးကောင်း-မိုးညှင်းသွားကားလမ်းမကြီးဘက်သို အရပ်
ဝတ်ဖြင့် ထွက်သွားခဲ့ကြကြောင်း သိရှိရသည်။