ရိုးရာလက်ဝှေ့ချန်ပီယံဟောင်းရွှေဓူဝံ ကွယ်လွန်

မြန်မာ့ရိုးရာလက်ဝှေ့၊ မြန်မာပြည်ချန်ပီယံဟောင်းဖြစ်သူ ရွှေဓူဝံသည် မတ်လ ၄ ရက်နံနက် ၅း၃၀ နာရီက ယာဥ်တိမ်းမှောက်ကွယ်လွန်သွားကြောင်းသိရှိရပါတယ်။
နေပြည်တော်ဘက်မှ ရန်ကုန်သို မောင်းနှင်လာသော ဒို့ညီနောင်အမြန်ယာဥ်လိုင်းကားသည် ၁၆၇/၄ နှင့် ၁၆၇/၅ မိုင်တိုင်ကြားတွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်အတားအဆီးကို တိုက်ပြီး တိမ်းမှောက်ရာသေဆုံးသည့်ခရီးသည်သုံးဦးတွင် ရွှေဓူဝံပါဝင်ကြောင်းသိရသည်။ ယာဥ်တိမ်းမှောက်ရာတွင် ကား ပေါ်ပါအမျိုးသားသုံးဦးသေဆုံးပြီး အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၀ ဦးဒဏ်ရာရကြောင်းသိရှိရပါတယ်။