တီဘီရောဂါ- Tuberculosis

တီဘီရောဂါသည် ကမ္ဘာပေါ်တွင် ပြန်လည်ခေါင်းထောင်လာသော အရေးကြီးသည့် ကူးစက်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ တီဘီရောဂါ ပြန်လည်
ခေါင်းထောင်လာရခြင်းမှာ HIV ရောဂါပိုးနှင့် ဆက်နွယ်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တီဘီရောဂါသည် ဝန်ထုပ်ဝန်ပိုး တစ်ခုသဖွယ်
ဖြစ်နေပါတယ်။

တီဘီရောဂါဟာ အသက်ရှုလမ်းကြောင့်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါဖြစ်ပြီး Mycobacterium Tuberculosis ဟုခေါ်သော ဘက်တီး
ရီးယား ရောဂါပိုးများကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါဖြစ်ပါတယ်။

တီဘီရောဂါကို အသက် ကြီး/ငယ် မရွေး လူတိုင်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့်
– ကလေးငယ်များ/ သက်ကြီးရွယ်အိုများ
– တီဘီရောဂါရှိသူနှင့် နီးနီးကပ်ကပ်နေသူများ
– ဆေးလိပ်သောက်သူများ၊ အရက်အလွန်အကျွံ သောက်သူများ
– ကိုယ်ခံအား နည်းသူများ ဥပမာ- HIV
– ကင်ဆာရောဂါ ရှိသူများ
– နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူများ
– အာဟာရချို့တဲ့သူများတွင် ပိုမိုဖြစ်ပွားနိုင်ပါတယ်။

ရောဂါလက္ခဏာများ
နာတာရှည်ဖျားခြင်း၊ သလိပ်ထွက် ချောင်းဆိုးခြင်း၊ နုံးနယ်ခြင်း၊ ညနေဘက် ချွေးစေးပြန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်
ကျခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ တီဘီရောဂါ ဖြစ်ပွားရာ ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ် မူတည်၍ ရောဂါလက္ခဏာများ ပြောင်းလဲနိုင်ပါတယ်။

နောက်ဆက်တွဲ ဆင့်ပွားဖြစ်တတ်တဲ့ ရောဂါများကတော့
– အဆုတ်တွင်ဖြစ်ပါက အဆုတ်ရောင်ခြင်း၊ အဆုတ်ပွခြင်း၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ၊ ချောင်းဆိုးသွေးပါခြင်း၊ အဆုတ်
ပျက်စီးခြင်း၊ ပြည်တည်နာများ ဖြစ်ပေါ်နိုင်ပါတယ်။

– ဦးနှောက်တွင်ဖြစ်ပါက ဦးနှောက်အမြှေးရောင်ခြင်း၊ လေဖြတ်ခြင်း၊ အာရုံကြော အားနည်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

– အရိုးအဆစ်တွင်ဖြစ်ပါက အရိုးအဆစ်ရောင်ခြင်း၊ ပျက်စီးခြင်း၊ ကြောရိုးမ အရိုးအဆစ် ပျက်စီးပါက အောက်ပိုင်းသေခြင်းများ
ဖြစ်တတ်ပါတယ်။

– မျိုးပွားအင်္ဂါနှင့် ဆီးလမ်းကြောင်းတွင် ဖြစ်ပါက- ကလေးမရခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ပျက်စီးခြင်း၊ ဆီးလမ်းကြောင်း ကျဉ်း၍
ပျက်စီးခြင်းများ ဖြစ်တတ်ပါတယ်။

သလိပ်တွင် တီဘီပိုးစစ်ခြင်းနှင့် ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်းဖြင့် ရောဂါ ရှိ/မရှိ သိနိုင်ပါတယ်။ ရောဂါလက္ခဏာရှိပါက ဆရာဝန်နှင့် အမြန်ဆုံး
ပြသသင့်ပါတယ်။

တီဘီရောဂါ ရှိကြောင်း သိသိခြင်း၊ အစောဆုံးကုသမှု ခံယူရပါမယ်။
ကုသလျှင် ပျောက်ကင်းနိုင်ပါတယ်။
ဆေးအား အနည်းဆုံး ၆ လ သောက်ရပါမည်။ မပျက်မကွက် သောက်ရပါမည်။
ကုန်ကျစရိတ် မရှိပါ။ DOTS (အချိန်တိုအတွင်း အနီးကပ်စောင့်ကြည့်ကုသခြင်း)တွင် အသုံးပြုမည့် တီဘီဆေးဝါးများ ထုတ်ပေးနိုင်သော
မည်သည့်ဆေးရုံ၊ ဆေးပေးခန်းများတွင်မဆို အခမဲ့ ဆေးများထုတ်ယူ၍ ကုသနိုင်ပါတယ်။

ဆေးများတွင် ဘေးထွက်ဆိုးကျိုးများ ရှိပါတယ်။ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ မျက်လုံးနှင့် ဆီးဝါခြင်း၊ အသည်းရောင်ခြင်း၊
ကျောက်ကပ်ပျက်စီးခြင်း၊ နားအူခြင်း၊ ကိုယ်လက်ထုံကျင်ခြင်းများ ဖြစ်တတ်ပါတယ်။ သာမန်အားဖြင့်တော့ ဆိုးရွားသော ဘေးထွက်
ဆိုးကျိုးများကို မခံစားရပါ။

ဆေးမှန်မှန် မသောက်လျှင် တီဘီပိုးမှ ဆေးယဉ်ပါးခြင်း၊ ဆေးမတိုးခြင်းမှ ပြင်းထန်သော တီဘီရောဂါများ ဖြစ်ပွား၍ အသက်ဆုံးရှုံးနိုင်ပါတယ်။
၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သုတေသနပြုချက်များအရ ကမ္ဘာပေါ်တွင် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားသူ လူနာပေါင်း လေးသိန်း
လေးသောင်းကျော် ရှိတယ်လို့ သိရပါတယ်။

မိမိတွင် တီဘီရောဂါဖြစ်နေပါက သူတပါးသို့ မကူးစက်နိုင်စေရန် နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါအသုံးပြုခြင်း၊ လူနေ
ထူထပ်သော နေရာများသို့ သွားလာမှုကို ရှောင်ကြဉ်ခြင်း၊ လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ခြင်းများ ပြုလုပ်သင့်ပါတယ်။