ဖိလစ်ပိုင်မှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ထားရှိမှာကို တရုတ် ဝေဖန်

ဖိလစ်ပိုင်မှာ ကန်စစ်အခြေစိုက်စခန်းတွေ ထားရှိမယ့်လုပ်ရပ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်လို တရုတ်က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ ဓားစာခံရှာမှုကို ရှောင်ရှားဖိုလည်း လိုအပ်တယ်လို တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အမေရိကန်ဟာ သူ့အကျိုးစီးပွားအတွက် ဒေသတွင်းမှာ စစ်အခြေစိုက်စခန်းသစ်တွေ တည်ဆောက်ဖို စီစဉ်နေပြီး စစ်အင်အားဖြန့်ကျက်မှုကို အားကောင်းအောင် လုပ်ဆောင်နေတာလိုလည်း သူက စွပ်စွဲခဲ့ပါတယ်။ ဖိလစ်ပိုင်ကတော့ အခြေစိုက်စခန်းတွေထားဖို သဘောတူညီထားတယ်လို ကြေညာထားပြီး ၄ ခုအထိ ထားရှိမှာလို တရားဝင်ပြောဆိုခဲ့ပါတယ်။