လုပ်ငန်းအကြောင်းပြကာ သိန်း၅၀၀၀ငွေကြေးအကူအညီတောင်းခံရယူခဲ့သည့် မင်းသမီးဇနီးမောင်နှံချေးငွေပြန်မဆပ်သဖြင့် အင်းတကော်ရဲစခန်းတွင် အမှုဖွင့်လှစ်ခံရ

ပဲခူးမြို့နယ်၊အင်းတကော်မြို့၊ထန်းပင်ချောင်ကျေးရွာနေဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုး၊ဥယျာဥ်ခြံမြေလုပ်ငန်းရှင်သည်နေအိမ်တွင်ရှိနေစဥ်လွန်ခဲ့သောနှစ်၂၀ခန့်ထဲကခင်မင်ရင်းနှီးခဲ့ကြသည့်ဦးမောင်မောင်ကျော်(ဘ)ဦးအုန်းမောင်၊အမှတ်A-3၊သဇင်လမ်း၊မ/ဒဂုံမြိုနယ်၊တော်ဝင်အိမ်ယာ၊ရန်ကုန်တိုင်းဒေသကြီးနေသူနှင့်အတူနေဇနီးဖြစ်သူဒေါ်မိုးမိုးမြင့်အောင်(ဘ)ဦးမြင်အောင်တို့နှစ်ဦးရောက်ရှိလာပြီး ထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက်အရေးတကြီးငွေလိုအပ်နေသဖြင့်ငွေကျပ်သိန်းငါးထောင်(သိန်း၅၀၀၀ိ/)ကျပ်အားအကူအညီခတ္တပေးပါရန်လာရောက်ပြောဆိုခဲ့သဖြင့်ဦးစိုးလှိင်မှသက်သေဦးအုန်းကျော်ထန်းပင်ချောင်ကျေးရွာနေသူရှေ့မှောက်တွင်သိန်းငါးထောင်ကျပ်အားယုံကြည်စွာဖြင့်ထုတ်ပေးလိုက်သည်ဟုဆိုပါသည်။
ထိုသိုထုတ်ပေးလိုက်ပြီးနောက်သတ်မှတ်ရက်တွင်ပြန်လည်ပေးအပ်ခြင်းမရှိသည့်အတွက်အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း
ရှောင်တိမ်းနေသည့်အတွက်လိုက်လံရှာဖွေပြီးတွေ့ဆုံညှိနှိုင်းကြရာထုတ်ယူသွားသောငွေကျပ်သိန်း(၅၀၀၀ိ-/)အားဒီဇင်ဘာ၂၀ရက်၂၀၂၂ရက်နေ့တွင်ငွေကျပ်သိန်း(၃၀၀၀ိ/)အား၎င်း ဒီဇင်ဘာ၃၀ရက်၂၀၂၃ရက်နေ့တွင်သိန်း(၂၀၀၀ိ-/)ကျပ်အား၎င်းပြန်လည်ပေးဆပ်ပါမည်ဟု လင်မယားနှစ်ဦးလုံးမှသက်သေများရှေ့မှောက်နှင့်အုပ်ချုပ်ရေးရုံးတိုတွင် ခံဝန်ဂတိလက်မှတ်ရေးထိုးပေးပြီးနောက်ပိုင်းတွင်လဲပြန်လည်ပေးဆပ်ခြင်းမရှိဘဲရှောင်တိမ်းနေပြီးလူမှုရေးအရအကြိမ်ကြိမ်တောင်းခံသောလဲပေးဆပ်ခြင်းမရှိသည့်အတွက်ဖေဖေါ်ဝါရီ ၁၂ ရက်တွင် ငွေထုတ်ပေးခဲ့သည့်ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးကအင်းတကော်ရဲစခန်းသို့လာရောက်ပြီး ဦးမောင်မောင်ကျော်နှင့် ဒေါ်မိုးမိုးမြင့်အောင်တို့အားအရေးယူပေးပါရန်တရားလိုပြုလာရောက်တိုင်တန်းခဲ့သည့်အတွက်အင်းတကော်နယ်မြေရဲစခန်း(ပ)၂၀/၂၀၂၃ရာဇသတ်ကြီးပုဒ်မ၄၂၀ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။