သင်္ကြန်ကာလအတွက် ကမ်းခြေတွေမှာ ဟိုတယ်အခန်းကြိုတင်အမှာတွေ ပြည့်နေတယ်လို့ဆို

လာမယ့် သင်္ကြန်ကာလရုံးပိတ်ရက် အတွင်း ဧရာဝတီတိုင်းမှာ ကမ်းခြေတွေမှာ အပန်းဖြေအနားယူဖို့အတွက် ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းပြည့်တဲ့ အထိ ကြိုတင်ဘိုကင်တင်မှုတွေ ရှိနေတယ်လို့ ခရီးသွား လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

ဧရာဝတီတိုင်းက အပန်းဖြေ ကမ်းခြေတွေ ဖြစ်တဲ့ချောင်း သာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံအပါအဝင် တခြားအပန်းဖြေကမ်းခြေ ဒေသတွေမှာ လာမယ့် သင်္ကြန်ကာလရုံးပိတ် ရက်အတွင်း လာရောက် အပန်းဖြေ အနားယူဖို့အတွက် ဟိုတယ် အခန်းတွေ အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းအထိကြို တင်အမှာ (ဘိုကင်)တွေမှာယူထားတာပြည့်နေပြီလို့သိရပါတယ်။

“ကမ်းခြေတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ကသတ်မှတ်ထားတဲ့ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့ အညီဖွင့်လှစ်ထားတာပါ၊ လက်ရှိ လည်း လာရောက်လည်ပတ် အပန်းပြေတဲ့သူတွေရှိနေ တယ် ၊ သင်္ကြန်ကာလအတွက် ဟိုတယ်ခန်းတွေ ကြိုတင် မှာယူတာတွေလည်းများနေတယ် ၊သင်္ကြန်ရောက်တာနဲ့ဟိုတယ်အခန်းတွေက အားလုံး ပြည့်သွားမယ်လို့ ခန့်မှန်း ထားပါတယ်။” ပုသိမ် ခရီးသွား လုပ်ငန်း အသင်းကဧည့်လမ်းညွန်တာဝန်ခံ တစ်ဦး ကပြောပါတယ်။