ကြက်တိုက်ပွဲမှာ အသွားပါတဲ့ဓါးနဲ့ တိုက်ကြက်က လူတွေကိုပြန်တိုက်ခိုက်ခဲ့လို့ ကြက်ပိုင်ရှင်သေဆုံး

အိန္ဒိယနိုင်ငံက တရားမဝင်ကြက်တိုက်ပွဲမှာ အသွားပါတဲ့ ဓါးတွေ တပ်ဆင်ထားတဲ့ ကြက်တွေက လူကို ပြန်တိုက်ခိုက်ခဲ့လို့ ကြက်ပိုင်ရှင်အမျိုးသား ၁ ဦးနဲ့ ပွဲလာကြည့်တဲ့ အမျိုးသား ၁ ဦး ဒဏ်ရာ ပြင်းထန်စွာရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယရဲ့ ဟိန္ဒူ မကာ ဆန်ခရန်တီ ပွဲတော်အ တွင်း ရက်စက်ကြမ်း ကြုတ်တဲ့ ပွဲကိုကျင်းပလေ့ရှိတာဖြစ်ပြီး အဲ့ဒီ လူသေဆုံးမှု မတော်တဆမှုမှာ ပွဲတော်အတွင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယသတင်းအိပ်စ်ပရက်ရဲ့ ဖော်ပြချက်အရ အမျိုးသားတစ်ဦးက အသွားထက်တဲ့ဓါး ချည်နှောင် တပ်ဆင်ပေးထားတဲ့ သူ့ရဲ့ တိုက်ကြက်ကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဂန်ဒီ ဆာရာ ပ ရာက်ရှာ ရောင်ဟာ အန်ဒရာ ပရာဒေ့ရှ်မှာ ကြက်က လူအုပ်ကြားထဲ ဝရုန်းသုန်းကားနဲ့ ပြန်လည် တိုက်ခိုက်မှုတွေ မလုပ်မီမှာ သူ့ရဲ့ တိုက်ကြက်ကို ကြက်တိုက်ပွဲမစတင်မီပြင်ဆင်မှုတွေ ပြုလုပ်ပေး နေခဲ့တာဖြစ်ပါတယ်။ တိုက်ကြက်က စိတ်ဖောက်ပြီး လေထဲကို ပျံတက်သွားကာ ကြက်ခြေ ထောက်က ဓါးနဲ့ ကြက်ပိုင်ရှင် ရောင်ရဲ့ ခြေ ထောက်တွေကို ပြတ်ရှစေခဲ့တယ်လို့ သိရပါတယ်။