အထိုင်များခြင်းကြောင့်

အထိုင်များခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေးပြဿနာတွေဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေပြီးရင် ဒုတိယနေရာကနေ ရပ်တည်နေပါတယ်နော်။

  • အထိုင်များသူတွေအနေနဲ့ ပုံမှန်ပြုလုပ်ပေးရမှာတခုကတော့ ရေများများသောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ သင်ဟာ ရေသောက်နည်းသူ တဦးဆိုရင်လည်း အလုပ်စားပွဲပေါ်မှာ ရေဘူးတဘူးထားပြီး မမေ့မလျော့ သာက်သုံးပေးသင့်ပါတယ်။ ရေများများ သောက်ပေးခြင်းဟာ အထိုင်များခြင်းကြောင့် ညောင်းညာကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုတွေကိုပါ လျော့ပါးစေပါတယ်။
  • အသီးအနှံတွေ စားပေးတာနဲ့ သဘာဝ လက်ဖက်ရည်ကြမ်းတို့ကို သောက်သုံးပေးသင့်ပါတယ်။(အချိုတွေကိုလျော့စားပါ။)
  • ဘာအားကစားမှ မလုပ်ဖြစ်ရင်တောင်မှ လမ်းလျှောက်တာမျိုးကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့အပြင် အထိုင်များခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
  • အလုပ်လုပ်နေပေမယ့်လည်း မကြာခဏ လမ်းထလျှောက်ပေးတာမျိုးနဲ့ မတ်တပ်ကြာကြာ ရပ်ပေးတာမျိုး။
  • ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ခံစားနိုင်တာကြောင့် ခရီးတိုလေးထွက်တာမျိုး (မင်မင့်အကြိုက်……) လုပ်ပေးခြင်းဖြင့် လျော့ချနိုင်ပါတယ်ရှင့်…..