ဖေဖော်ဝါရီလ ၂၇ ရက် တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီလ ၂၇ ရက်။ 💥💥💥💥💥💥💥💥💥💥

ဆည်ဇင်း၊ တာမခံစခန်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်းဇင်း တာမခံတပ်စခန်းနှင့် တာမခံနယ်မြေရဲစခန်းများသို့ KIAနှင့် PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့များက အင်အားများဖြန့်ခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် Drop Bomb ချတိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့သဖြင့် လေကြောင်းပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိ။

ငါးအိုး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းရှိ စစ်ကိုင်းတိုင်းနယ်စပ်က ငါးအိုးကျေးရွာ အနီး တပ်မတော်စစ်ကြောင်းနှင့် KIA+PDF အကြမ်းဖက်ပူးပေါင်း ၃၀ ဦးခန့်တို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

ရီမုမိုင်း ၄ လုံး၊ ဆားကစ်ပြား ၂ ခု သိမ်းဆည်းရမိခဲ့။

စီခမ်းကြီး၊ သံတံတား

ကချင်ပြည်နယ် မံစီမြို့နယ် သံတံတားရွာအား ဝင်ရောက်ရှင်းစဉ် KIA နှင့် PDF ပူးပေါင်း ၆၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ကျည်ကာဦးထုပ် ၂ လုံး၊ အမ်(၂၂) ကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်၊ စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့။

မတ္တရာ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မြစ်ကမ်းကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်ခြံဝန်းအတွင်းမှ ပြုလုပ်ဆဲ လက်လုပ်မိုင်း ၂၀ လုံး သိမ်းဆည်းရမိခဲ့။
ဆက်လက်ထွက်ခွာလာစဉ် အကြမ်းဖက်များ ထောင်ထားသည့် လက်လုပ်အဝေးထိန်းမိုင်း ၂ လုံး ပေါက်ကွဲခဲ့သဖြင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးနှင့် စစ်သည် ၁ ဦး တို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မိုင်းထောင်ဖောက်ခွဲထွက်ပြေးသွားသော ကျား ၁ ဦးကို တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့။

အကြမ်းဖက် ၁ လောင်း၊ လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့။