အကြမ်းဖက်သင်တန်းတက်မည့် DPLA အဖွဲ့ဝင် ၁၇ ဦးအား ဖမ်းဆီးရမိ

ဖေဖော်ဝါရီလ ၂၇ ရက်။ ကျောက်ဂူ။ ပင်းတယ

ရှမ်းပြည်(တောင်ပိုင်း) ပင်းတယမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အကြမ်းဖက်သင်တန်းတက်ရောက်မည့် ဓနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPLA အဖွဲ့ဝင် ကျား ၁၃ ဦး၊ မ ၄ ဦး ၊ ပေါင်း ၁၇ ဦးအား ဖမ်းဆီးရမိခဲ့။

၎င်းတိုအား စစ်ကြောချက်အရ ဘော်ဆိုင်းမြို့၊ ရွှေကုန်းသာဘုန်းကြီးကျောင်း၌ အကြမ်းဖက် ၁၀ ဦးခန့် ခိုအောင်းနေကြောင်း သိရသဖြင့် သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမားများထွက်ပြေးသွားခဲ့ပြီး ဘုန်းကြီးကျောင်းဂိုဒေါင်အတွင်းအား ဝင်ရောက်ရှာဖွေခဲ့ရာ..ဆာလာအိတ်ဖြင့် ဖုံးအုပ်ထားသည့်-

-Type-81 ၄ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည် ၅၆၀ တောင့်၊ remote ၂ ခု၊ Booster ၆ ခု၊ လက်ပစ်ဗုံး ၁ လုံး တိုhကို သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။ #Crd