ဧပြီလ ၁၅ ရက် ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

ဧပြီလ၁၅ ရက် ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

အမ်းမြို့
အမ်းမြို့နှင့် မြေပုံအစပ်ကြား စွေချောင်းကာကင်းစခန်းအား ယနေ့နေ့လည် ၃ နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သားများမှ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက် ချေမှုန်းမှုတို့ကြောင့် ည ၇ နာရီအချိန်ခန့်တွင် ပစ်ခတ်မှုများ ရပ်တန့်သွားကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူဘက်မှ မျက်မြင် ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရ။

မောင်တောမြို့
ယနေ့နေ့လည် ၃ နာရီခွဲအချိန်ခန့်က AA အကြမ်းဖက်သောင်းကျန်းသူများမှ ဗောဓိကုန်းကျေးရွာမှနေ၍ မြို့သူကြီးရှိ နယ်ခြားစောင့်ရဲတပ်ရင်းအား လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းအတွင်းကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ အဆိုပါပစ်ခတ်ခဲ့သည့် နေရာအား လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရ။

အမ်းမြို့
ယနေ့နံနက်ပိုင်းမှစ၍ အမ်း-မကွေးသွားကားလမ်းပေါ်၌ အခြေပြုကာ လမ်းသွားလမ်းလာများအား အကြမ်းဖက်မှုများ ပြုလုပ်နေသည့် AA/PRA (မကွေးPDF) ပူးပေါင်းအဖွဲ့အား တပ်မတော်စစ်ကြောင်းများမှ လက်နက်ကြီး/လေယာဉ်ပစ်ကူများရယူကာ တိုက်စစ်ဖွင့် တိုက်ခိုက်ချေမှုန်းနေကြောင်း သိရှိရသည်။

အဆိုပါနေရာများမှလွဲ၍ ကျန်နေရာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရ။