အိုးစားဖက်တို့ နှလုံးသား

-နေပူကျဲကျဲ မိုးရွာထဲလည်း
အမြဲတို့တွေ သွားဖူးတယ်။

-အတိုဖက်ကြမ်း လက်ဆင့်ကမ်းလို့
စိတ်နွမ်းမှုလည်း ဖြေဖူးတယ်။

-မအေနှမ တိုင်းထွာကြလည်း
ယောက်ဖရေလို့ ခေါ်ဖူးတယ်။

-ကိုယ်စီဆယ့်ရှစ် စိတ်မညစ်ပဲ
ချွေးနစ်အောင်လည်း ကျင့်ဖူးတယ်။

-အသီးအရွက် ပဲတစ်ခွက်နဲ့
မြိန်ရှက်စွာလည်း စားဖူးတယ်။

-ငါသည်ယောက်ျား ဇာနည်ဖွားမို့
အင်အားချင်းပြိုင် နိုင်ဖူးတယ်။

အို…
-ရဲဘော်ရဲဘက် အိုးစားဖက်တို့
လေးချက်သစ္စာ ဦးရွက်ကာရယ်
မခွာမဆုတ် အမျိုးယုတ်ကို
တိုက်ထုတ်ရာတွင် အပြုတ်နှင်ဖို့
နောက်ဝင်မကပ် ငါပေးဆပ်မည်
ငါ့တပ်စခန်း ငါ၏နန်းအား
​ရှေ့တန်းမှာလေ ငါရှိနေလို့
ငါသေမှသည် ရလိမ့်မည်။      ။

ကြွက်နီ(ခဲတံတို)

(၇၉)နှစ်မြောက် တပ်မတော်​နေ့ကို ဂုဏ်ပြုရင်း…. …. သူရဲကောင်းများအား ဦးညွှတ်လိုက်ပါသည်…. ….