အာဆင်နယ်ခြေစွမ်းနဲ့ လီဗာပူးလ်ခံစစ်

မနေ့က ကစားသွားခဲ့တဲ့ အဂ်လန်ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းရဲ့ အရေးပါတဲ့ပွဲမှာ နည်းပြ အာတီတာ ရဲ့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

အနိုင်ပွဲရဖို့လိုအပ်တဲ့ အာဆင်နယ်ဟာ ဒီပွဲမှာ အကောင်းဆုံးကစားခဲ့ပြီး ခြေစွမ်းပြခဲ့သလို လီဗာပူးလ် ခံစစ်နဲ့ ဂိုးသမားအမှားကလည်း အာဆင်နယ်ကို အနိုင်ရဖို့ ဖြစ်စေခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၅)ပွဲဆက်တိုက်ထိ ရှုံးပွဲမရှိထားတဲ့ လီဗာပူးလ်ကို အာဆင်နယ် အနိုင်ယူပြီး FA Cup ရှုံးကြွေးပါ ပြန်ဆပ်ခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အာဆင်နယ်အသင်း အမှတ်ပေးဇယားရဲ့ အဆင့် (၂)နေရာထိပါ တက်လှမ်းလာခဲ့ပါတယ်။

နောက်ထပ် ပွဲစဥ◌်တစ်ပွဲဖြစ်တဲ့ မန်ယူဟာ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ၃ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့၍ နောက်ပိုင်းမှာ ပုံစံကောင်းပြန်ရနေပြီး ပရီးမီးယားလိဂ်(၂)ပွဲဆက် အနိုင်ရရှိကာ အဆင့်(၆)နေရာသို့ တက်လှမ်းလာခဲ့ပါတယ်။

နည်းပြ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးကတော့ အိမ်ကွင်းမှာ ဝုလ်ဗ်အသင်းကို (၂-၄)ဂိုးနဲ့ ရှုံးနေခဲ့ပြီး ၂ပွဲဆက်တိုက် ၄ဂိုးစီပေးခဲ့ရပြီး ရှုံးပွဲဆက်နေခဲ့ပြန်ပါတယ်။