သန်လျင်မြို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ သူဌေးကွင်းကျေးရွာ အောင်သပြေလမ်းနေ ဦးဝင်းကို အသက် ၃၁ နှစ်၊ (ဘ) ဦးဝင်းထွန်း ယာဉ်မောင်း၏နေအိမ်တွင် မူးယစ်ဆေးဝါးများထားရှိကြောင်း မြိတ်မြို့နယ် မြို့မရဲစခန်းမှ ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်အရ သိရှိရသည်။

ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က လုံခြုံ​ရရေး ပူးပေါင်းအဖွဲ့များမှ သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာရှိ ဦးဝင်းကို၏နေအိမ်အား မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်း အမှတ် (၅/၂၄)ဖြင့် သွားရောက်ရှာဖွေရာ ဦးဝင်းကို၏နေအိမ်နောက်ဘက်ရှိ ငှက်ပျောခြံအတွင်း ထင်းပုံတွင် မှင်ခံစက္ကူဖြင့်ပတ်ထားသော WY ဆေးပြား(၁၀၀၀၀)စီပါအထုတ် ၁၈ ထုတ်၊ အနည်းငယ် ဖောက်ယူသုံးစွဲထားသော အထုတ်ငယ် (၁)ထုတ် စုစုပေါင်း အထုတ် (၁၉)ထုတ်၊ စုစုပေါင်း WY စိတ်ကြွဆေးပြား (၁၈၉၈၀)ခန့်၊ ၁၈.၉၈ kg ၊ ဆေးပြားတစ်ပြားလျှင် ကာလတန်းဖိုး ၁၀၀၀ ခန့်ဖြင့်၊ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

#PAN