အသက်ကြီးပေမဲ့ ခြေစွမ်းပြနေဆဲဖြစ်တဲ့ ဇလာတန်အီဗရာမိုဗစ်

⚽

အသက် (၃၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဇလာတန်အီဗရာမိုဗစ်ဟာ ၂၀၂၂ခုနှစ်မှာ အေစီမီလန်အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ​ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အေစီမီလန်ဟာ အလယ်အလတ်အသင်းအဆင့်မှာပဲ ရပ်တည်နေပေမဲ့ ဇလာတန် ရောက်လာချိန်မှာတော့ ​အဆင့်တွေတက်လာသလို ဇလာတန်ဟာလည်း အေစီအသင်းမီလန်အသင်းမှာ ပထမရာသီဝက် – (၁၆) ပွဲကစား၊ (၁၀) ဂိုးသွင်းပြီး (၅)ဂိုး ဖန်တီးပေးနိူင်ခဲ့ပါတယ်။

ဒုတိယရာသီမှာလည်း ဇလာတန်ဟာ အေစီမီလန်အသင်းအတွက် (၁၈) ပွဲကစား၊ (၁၅) ဂိုးသွင်းပြီး (၂) ဂိုး ဖန်တီးမှုပေးခဲ့သလို ရာသီကုန်မှာ အသင်းက အဆင့် (၂)တွင် ရပ်တည်နိူင်ခဲ့ပါတယ်။

တတိယရာသီမှာတော့ ဇလာတန်ဟာ (၁၁) ပွဲကစားခွင့်ရခဲ့ကာ (၈) ဂိုးသွင်းပြီး (၃) ဂိုး ဖန်တီးမှုပေးခဲ့သလို အေစီမီလန်အသင်းဟာ စီးရီးအေဖလားပါ ပြန်လည်ဆွတ်ခူးနိူင်ခဲ့တာ တွေ့ရပါတယ်။