အရှုံးထဲကအမြတ်ရပါစေ

တစ်ချို့မကျေနပ်ချက်တွေကို
တစ်စိမ့်စိမ့်တွေးပြီးတော့
ကိုယ့်ဘ၀ကို မပူလောင်စေပါနဲ့ ။

တစ်ချို့အရာ၀တ္ထုတွေကို
ဆုံးရှုံးလိုက်ရလို့လည်း
စိတ်ထဲမှာသောကမဖြစ်ပါစေနဲ့ ။

ဖြေတတ်ရင် ကျေနပ်စရာမို့
ကိုယ့်စိတ်ကို နှလုံးသွင်းမှန်ပါစေ ။

ဒေါသဖြစ်ရာကြုံတိုင်း
ဖြစ်ခွင့်မပေးပဲ သည်းခံလိုက်မယ် ။

လောဘဖြစ်စရာရှိလာတိုင်း
ရောင့်ရဲစိတ်နဲ့ နေလိုက်မယ်ဆိုရင်
အရှုံးက အမြတ်တွေရလိုက်တာပါ ။

စိတ်ကို အကောင်းဘက်မသွားပဲ
အဆိုးဘက်ကို အားပြုများနေတော့
အမြဲလိုလို ရှုံးနေကြရပါတယ် ။

စိတ်ကို အကောင်းဘက်မှာပဲ
လက်ခံချတွေးလိုက်မယ်ဆိုရင်
နေရေးမှာအဆင်ပြေချမ်းသာပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏