ဂျီနိုအာအသင်းနောက်ခံကစားသမားကို ခေါ်ယူခဲ့တဲ့ စပါးအသင်း

စပါးအသင်းဟာ ဂျီနိုအာအသင်းမှ ရိုမေးနီးယား နောက်ခံလူ ဒရာဂူရှင်ကို ခေါ်ယူခဲ့ပြီး ၂၀၂၉ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တယ်လို သိရပါတယ်။
စပါးအသင်းအနေနဲ့ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဒရာဂူရှင် အတွက် ကနဦး ယူရို ၂၅ သန်းနှင့် အပိုဆုကြေး ယူရို ၅ သန်း ကုန်ကျတယ်လို သိရပါတယ်။

အသင်းနောက်ခံကစားသမား စပန့် ကို ဂျီနိုအာအသင်းထံ ရာသီကုန်အထိ အငှားပြန်ချခဲ့ပြီး အပြီးသတ်ခေါ်ယူလိုတာကြောင့် ယူရို ၁၀ သန်း ပေးချေရမယ့် အချက် ပါဝင်တယ်လို သိရပါတယ်။

PAN