အင်္ကျီချွတ်အောင်ပွဲခံခြင်းနှင့် အဝါကဒ်

ဘောလုံးပွဲစဥ်တွေမှာ ဂိုးသွင်းယူမှုအပြီး အောင်ပွဲခံတဲ့ပုံစံများစွာရှိပါတယ်
သည်ထဲမှာ အင်္ကျီချွတ်အောင်ပွဲ ခံတာမျိုးတွေကိုလည်း ခဏခဏ မြင်တွေ့ဖူးကြမှာပါ
သည်လိုအောင်ပွဲခံတာဟာ အဝါ ကဒ် ထိစေမှာပေမယ့် ကစားသမားတွေဟာ စိတ်ဓါတ်ပြင်းထန်လာတဲ့အခါမှာပဲဖြစ်စေ
ဖိအားတွေအောက်ရောက်နေရာကနေ ဂိုးသွင်းယူလိုက်နိုင်ချိန်မှာပဲဖြစ်စေ
ပြုလုပ်‌လေ့ရှိပါတယ် .. ဘာကြောင့် များ အင်္ကျီချွတ်အောင်ပွဲခံရင် အဝါကဒ် ထိကြတာပါလဲ
သည်စည်းမျဥ်းက ဘယ်အချိန်တုန်းက စတင်ခဲ့တာပါလဲ ..
စတဲ့ အကြောင်းအရာအချို့ကို တင်ဆက်ပေးလိုက်ပါတယ်

“ဖီဖာ ရဲ့ Law 12”
ဖီဖာရဲ့ ဘောလုံးဥပဒေသ တွေထဲမှာ ဂိုးသွင်းအောင်ပွဲခံတဲ့အခါ အင်္ကျီချွတ် အောင်ပွဲခံခဲ့ရင်
အဝါကဒ်ပြသရမယ်ဆိုပြီး သတ်မှတ်ထားပါတယ် သည်စည်းမျဥ်းကို ၂၀၁၄ ခုနှစ် ဂျူလိုင် ၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး
နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ ကလည်း အတည်ပြုထားပြီးဖြစ်ပါတယ်
ဖီဖာရဲ့ သည် ဥပဒေသထဲမှာ
ဘောလုံးသမားတစ်ဦးဟာ ဂိုးသွင်းယူနိုင်ခဲ့ပါက အောင်ပွဲမှုရှိကြောင်း
သို့သော် အောင်ပွဲခံရာတွင် အလွန်အကျွံ မဖြစ်စေဖို့ အကြောင်း
ကကွက်ဆန်တာမျိုးတွေ မလုပ်သင့်ကြောင်း
ကွင်းပြင်ပ (ပရိတ်သတ်ဆီကို ) ထွက်အောင်ပွဲခံတာမျိုးတွေ လုပ်နိုင်ပေမယ့် တတ်နိုင်သမျှ ကွင်းထဲပြန်လာရမည်ဖြစ်ကြောင်း နဲ့
ပွဲချိန်ကို နှောင့်နှေးစေတဲ့ အောင်ပွဲခံမှုမျိုးတွေ ခွင့်မပြုကြောင်း ပါရှိပါတယ်

“အားကစားသမား မပီသတဲ့ အပြုအမူ”
ဆိုင်မဆိုင် မပြောတတ်ပေမယ့် ဂျာစီချွတ်အောင်ပွဲခံတာဟာ အားကစားသမားမပီသတဲ့အပြုအမူလို့ ဖီဖာက သတ်မှတ်ပါတယ်
ဂျာစီကိုလုံးဝ ချွတ်လိုက်တာမဟုတ်ဘဲ ခေါင်းပေါ် ကို လှမ်းဆွဲတင်လိုက်တာမျိုးတွေကိုပါ ဆိုလိုတာဖြစ်ပါတယ်

“ဘာကြောင့်အဝါကဒ် သတ်မှတ်တာလဲ”
ဒါကတော့ အတိအကျ မသိနိုင်ဘဲ ခန့်မှန်း ပြောဆိုလို့သာရနိုင်မှာပါ
အဖြစ်နိုင်ဆုံးအချက်တစ်ခုက အချိန်ပိုပြုန်းတီးစေနိုင်လို့ပါ ဂျာစီကိုချွတ် ပြီးလွှင့်ပစ်လိုက်တဲ့အချိန်
ပြန်ကောက်ယူတဲ့အချိန် ပြန်ဝတ်တဲ့အချိန်စသဖြင့် ပွဲကိုပြန်လည်စတင်ဖို့ အချိန်ကို
နှောင့်နှေးစေတဲ့အချက်က သည်လိုအောင်ပွဲခံမှုမျိုးကို အဝါကဒ်ပြ သတိပေးစေတာဖြစ်နိုင်ပါတယ်
ဂျာစီချွတ်အောင်ပွဲခံရတဲ့အကြောင်းအရင်းတွေထဲမှာ
ပေါက်ကွဲပြတာ ကြွက်သားအလှပြတာ တွေအပြင် ပြောချင်တဲ့အကြောင်းအရာတစ်ခုခုကို
အောက်ခံအင်္ကျီမှာရေးပြီး ပြသချင်တဲ့အခါတွေမှာလည်း လုပ်လေ့ရှိပါတယ်
ဒါပေမယ့် သည်လို ပြသတဲ့စာသားတွေထဲမှာ တစ်ခါတရံ နိုင်ငံရေးနဲ့ဆိုင်တာတွေပါလာတတ်ပါတယ်
ဒါအတွက်လည်း ဖီဖာက အဝါကဒ်သတ်မှတ်တာဖြစ်နိုင်ပါတယ်
နောက်ဆုံးတစ်ချက်ကတော့ စပွန်ဆာကုမ္ပဏီတွေကြောင့်ပါပဲ
စပွန်ဆာကုမ္ပဏီတွေဟာ အသင်းတိုင်းရဲဂျာစီတိုင်းမှာ သူတို့ရဲ့ အမှတ်တံဆိပ်တွေကို ရေးထိုးထားကြတာပါ
သည်လို ရေးထိုးဖို့အတွက်လည်း သတ်မှတ်ငွေကြေးများစွာ အကုန်ကျခံထားရတာဖြစ်ပါတယ်
သည်တော့ ပရိတ်သတ်များစွာ စောင့်ကြည့်နေတဲ့ ပွဲစဥ်တွေမှာ သူတို့ရဲ့ အမှတ်တံဆိပ်ကို တတ်နိုင်သမျှ မီဒီယာ Attention
လိုချင်ကြပါတယ် ကစားသမားတစ်ယောက်က ဂျာစီချွတ်လိုက်တာနဲ့ သူတို့ရဲ့ အမှတ်တံဆိပ်တွေ ကလည်း ကင်မရာ မြင်ကွင်းရှေ့ကနေ
ပျောက်ကွယ်သွားမှာပါ ဒါကြောင့် သည်စပွန်ဆာ တွေရဲ့ ကွန်ပလိန်းတွေကြောင့် အင်္ကျီချွတ်အောင်ပွဲခံတာကို ပိတ်ပင်ထားတာလည်း
ဖြစ်နိုင်ပါတယ် ‘

ဒါပေမယ့်လည်း သည်လို အဝါကဒ်ပြသမှုတွေကြားက ဂျာစီချွတ်အောင်ပွဲခံမှုတွေကိုမကြာခဏ ဆိုသလို မြင်တွေ့ကြရမှာပါ တချို့ပရိတ်သတ်တွေအတွက်တော့
ဖီဖာရဲ့ သည်စည်းမျဥ်းကို အကြိုက်တွေ့မှာမဟုတ်ဘဲ ပြင်းထန်စွာပေါက်ကွဲထွက် အောင်ပွဲခံ မှု တွေကို အားပါတရ ကြည့်ရှူလိုကြရာမှာ
ဂျာစီချွတ်အောင်ပွဲခံတာမျိုးတွေကိုလည်း မလျော်ကန်တဲ့ အပြုအမူ လို့ ယူဆမထားသူ များစွာလည်း ရှိနေပါကြောင်းဖော်ပြပေးလိုက်ရပါတယ်။

CRD sport journal