ဧပြီလ ၁ ရက်နေ့ မှုခင်းသတင်းများ

-မတ်လ ၃၁ ရက်နေ့ ၁၄၄၅ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်တွင် နေထိုင်သော ဦးကြည်ထွန်း(၅၅)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်စန္ဒာအေး(၅၀)နှစ်တို့ ၂ ဦးသည် နေအိမ်မှ ထွက်ခွာလာ၍ ဗိုလ်ဇင်ယော်(၁)လမ်းနှင့် ရွှေသီရိ လမ်းထောင့်၌ ဆိုင်ကယ်ငှားရမ်းစီးနင်းစဉ် အကြမ်းဖက် pdf ၁ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးကြည်ထွန်းတွင် ဦးခေါင်း၊ နဖူး၊ ရင်ညွန့်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ဒေါ်စန္ဒာအေး တွင် ကျောကုန်းကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့။

-မတ်လ၃၁ ရက် ၁၉၃၀ နာရီတွင် တွံတေးမြို့နယ်၊ ခရမ်းဝကျေးရွာတွင် နေထိုင်သည့် ဦးသိန်းဝင်း (၅၆)နှစ်သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ သန်းတိုးအောင် (၂၅)နှစ်မှ ဓါးဖြင့် ထိုးခဲ့ရာ ပြန်လည် ခုခံခဲ့သဖြင့် ဦးသိန်းဝင်း အနီးရှိ ဇနီးဖြစ်သူ ဒေါ်ဥမ္မာ၏ ဝဲတံတောင်ဆစ်တွင် ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။

-မတ်လ ၃၁ ရက် ၁၄၃၀ နာရီတွင်  ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာနေ ဒေါ်မိုးကြီး(၄၆)နှစ်မှ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးနိုင်ကြီး(၄၉)နှစ်သည် မတ်လ ၃၀ ရက် ၁၆၃၀ နာရီတွင် သစ်ပုတ်ကျေးရွာမှ ပြန်ချီတက်ကျေးရှိ ၎င်း၏ တောင်ယာတဲသို့ နွားလှည်းဖြင့် သွားရောက်ခဲ့ရာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း မရှိသဖြင့် ဆွေမျိုးများမှ လိုက်လံရှာဖွေခဲ့ရာ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာနှင့် ပြန်ချီတက်ကျေးရွာကြား အနီးတစ်ဝိုက်၌ ဦးနိုင်ကြီးတွင် ဝဲ/ယာရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ။