“အကြမ်းဖက်လုပ်ငန်းများ ကာကွယ်တားဆီးရေးအတွက် နှစ်နိုင်ငံလေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး”

လာအိုနိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC)သို့ တက်ရောက်ရန်အတွက် လာအိုနိုင်ငံ လွန်ပရာဘန်မြို့၌ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် လာအိုလေတပ်ဦးစီးချုပ် Brigadier General Khamlek Sengphachanh ၊ ဘရူနိုင်းလေတပ်ဦးစီးချုပ် Brigadier General (U) Dato Seri Pahlawan Mohd Sharif Bin Dato Paduka Haji Ibrahim နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်များအကြား လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်လုပ်ငန်းများ ကာကွယ်တားဆီးရေးတို့အတွက် နှစ်နိုင်ငံလေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါတယ်..
ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက်နံနက်ပိုင်းတွင် လွန်ပရာဘန်မြို့တော်ရှိ Luang Prabang View ဟိုတယ်၌ ကျင်းပပြုလုပ်သော (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့တက်ရောက်၍ “Toge-ther for Peace and Stability of ASEAN ”အားအသီးသီးဆွေးနွေးကြကာ အစည်းအဝေးသဘောတူ ဆုံးဖြတ်ချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီး
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (20th ASEAN Air Chiefs Conference – 20th AACC)အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးအတွက် ကာကွယ်ရေးဦးစီးချုပ် (လေ)ထံသို့ လာအိုလေတပ်ဦးစီးချုပ်က ASEAN Air Chief Conference ဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုလွှဲပြောင်းပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။