အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲ ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ပြုလုပ်မည်

မြန်မာ့ရုပ်ရှင်လောကသားအားလုံး၏ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၂၀၂၃)ချီးမြှင့်ပွဲအခမ်းအနားကြီးကို ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင်နေပြည်တော် MICC 1 ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့် ဖေဖော်ဝါရီလ (၁) မှ ဖေဖော်ဝါရီလ (၄)ရက်နေ့အထိ ရှိုက်ကူးရေးလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံထားသည်။

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် MICC I သို့ ရွှေ့ပြောင်းကျင်းပမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင်ပေးအပ်​မည့် အကယ်ဒမီရွှေစင်ရုပ်တုရှိ ရွှေကြယ်နှင့် အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမည့် အကယ်ဒမီ ဆုရအနုပညာရှင်၊ အတတ်ပညာရှင်များကိုချီးမြှင့်မည့် ရွှေစင်ရုပ်တုရင်ထိုးတံဆိပ်များအတွက် လိုအပ်သည့်ရွှေတွေကို နိုင်ငံတော်က ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

PAN