*သွေးထက်အသက်*

* ဆန်ကွဲကျိုးလည်း စားခဲ့ဖူးတယ်
ပဲပိုးထိုးနဲ့လည်း ညားခဲ့ဖူးတယ်
တောထူထူက ဌက်ပျောအူကိုလည်း
အရည်သောက်ချက် မြိုချခဲ့ဖူးတယ်
ရိက္ခာတစ်ပတ်စာယူသွား နယ်မြေရှင်းလေးပါဆိုပြီး
နှစ်ချီသွားတဲ့ စစ်ဆင်ရေးမျိုးလည်း ကြုံခဲ့ဖူးတယ်

* ခြေလျင်စစ်သား
ခါးမှာကျည်ကပ်၊ ကျောမှာလွယ်ပိုး ပလိုင်းကြိုးက နဖူးပေါ်တင်
လက်မှာသေနတ်၊ ပြည့်ခဲယမ်းနဲ့ တောင်တန်းကိုလည်း
စစ်သည်စစ်သား ရဲဘော်များနဲ့
ရယ်တစ်ခါမဲ့တလှည့်
ငေါက်တစ်ခါချော့တလှည့်နဲ့
တပည့်တွေနဲ့အတူ ဖြတ်သန်းခဲ့ဖူးတယ်

* ဆယ်ကျော်သက်ရဲ့ လွတ်လပ်မှုကိုစွန့်ကာ
ငါဘဝပုံအပ် ငါ့ဂုဏ်ဒြပ်ကို
ဝါသနာနဲ့ထပ်တူကျတဲ့
လမ်းကိုလျှောက်လမ်းရင်းနဲ့
မြင့်မြတ်တဲ့ စစ်သားဘဝကို
ရွေးချယ်ခဲ့တယ်

*ငါဖျားချိန်….
ငါနာချိန်
ငါဆာချိန်
ငါမောချိန်တွေမှာ
ရှိခဲ့ဖူးတဲ့ လက်တွဲဖော်စစ်သည်တွေကို
သွေးထက်အသက် ငါသစ္စာရှိတယ်
CRD #BN