နိုဝင်ဘာ ၁၉ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၁၈ ရက် ၁၅၀၀ နာရီတွင် ပခုက္ကူမြို့နယ်၊ ကြီးကျေးရွာနေ ဦးဖိုးလုံး(၆၁)နှစ်နှင့် ညီမဖြစ်သူ ဒေါ်ခင်ငွေစန်း (၄၉)နှစ်တို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးမှ လက်လုပ်သေနတ်များကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးဖိုးလုံးအား သေနတ်ဖြင့်ပစ်ခတ်၍ မြောက်လူးကန်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ရာ ဦးဖိုးလုံးတွင် ဝဲမျက်လုံး၊ ဦးခေါင်းနောက်စေ့၊ ပါးစပ်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရှိရ။

-နိုဝင်ဘာ ၁၈ ရက် ၁၇၅၅ နာရီတွင် ဘုတလင်မြို့၊ မြဝတီရပ်ကွက်အား PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ ဘုတလင်မြို့၏ တောင်ဘက် နေပူကုန်းကျေးရွာအနီးမှ လက်လုပ်စိန်ပြောင်းဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ ဗုံးသီးများမှာ မြဝတီ ရပ်ကွက်၊ ပြည်သူ့ဆေးရုံနောက်ကျော မြေကွက်လပ်သို့ ၁ လုံး၊ ကြေးရုပ်အနီးသို့ ၁ လုံး၊ ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ အမျိုးသမီးလူနာဆောင်အနီးသို့ ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိသော်လည်း ဗုံးသီး ၁ လုံးမှာ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အမျိုးသမီးလူနာဆောင်အနီးသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အမိုးမျက်နှာကျက် ၁၀ ပေခန့်၊ ပြတင်းပေါက်မှန် ၆ ချပ်၊ စင်္ကြန်သံဇကာ ၂ ချပ်၊ သွယ်တန်း ထားသည့် လျှပ်စစ်မီးကြိုး ပေ ၂၀ ခန့်ပျက်စီး (စုစုပေါင်း ကာလတန်ဖိုး ၂၅၀၀၀၀၀ ကျပ်ခန့်)ဆုံးရှုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၈ ရက် ၀၈၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင်နေထိုင်သော ကျန်းမာရေးမှူး ဒေါ်တိုးတိုးသန်း(၃၈)နှစ်နှင့် တူမ ဖြစ်သူ မအေးမွန်ကျော်(၂၅)နှစ်တို့ ၂ ဦးသည် ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်းရှိ ဝန်ထမ်းအိမ်ရာ၌ ရှိနေစဉ် အကြမ်းဖက်သမား ကျား ၂ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်တိုးတိုးသန်းတွင် ယာမျက်ခုံးကျည်ဖောက်ဝင်ဒဏ်ရာ၊ မအေးမွန်ကျော်တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၈ ရက် ၀၆၃၀ နာရီတွင် စလင်းမြို့နယ်၊ ဂုံညှင်းနွယ်ကျေးရွာ ရွာခွဲတာဝန်ခံ ဦးစိုးမြင့်(၅၄)နှစ်သည် မိသားစုနှင့် အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ၅ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးစိုးမြင့်အား ဖမ်းဆီးကာ နေအိမ်အနောက်ဘက် ၁ ဖာလုံခန့်အရောက်၌ လက်နက်ငယ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးစိုးမြင့် တွင် ဝဲလက်မောင်း၊ ဝဲနံကြားကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၈ ရက် ၂၁၀၀ နာရီတွင် ဖြူးမြို့နယ်၊ အမဲခေါင်ကျေးရွာတွင်နေထိုင်သော ဦးမိုသီကျန်း(၅၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ် ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမိုသီကျန်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။