သာယာဝတီမြို့တွင် အကြမ်းဖက်သမား ၃ဦး အသေဖမ်းဆီးရမိ

သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာကြားတွင် မိုင်းလာထောင်သောအကြမ်းဖက်သမားPDF ၃ ဦးကို ယနေ့ နံနက်ပိုင်းက လုံခြုံရေးအဖွဲ့များမှ မသင်္ကာသည့်အတွက် စစ်ဆေးပြုလုပ်စဉ် စစ်ဆေးမှုမခံပဲ ထွက်ပြေးသွားသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိဖြစ်စဉ်တွင် PDFအကြမ်းဖက်သမား ၃ ဦးနှင့်အတူ ဖျက်အားပြင်း မိုင်းများအား သိမ်းဆည်းရမိခဲ့သည်။
အများပြည်သူအတိဒုက္ခရောက်အောင် လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုရယူ၍ နှိမ်နင်းနိုင်ခဲ့ခြင်းကြောင့် ပြည်သူများ ဘေးကင်းခဲ့ရသည်။