သားသမီးရည်းစားစာရရင် မိဘတွေ ဘယ်လိုတုံ့ပြန်မလဲ?

၁၅ နှစ်သမီး ရလိုက်တဲ့ ရည်းစားစာကို အမေရဲ့တုံ့ပြန်ချက် ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ် သမီးရှင်တို့

သမီးက အသက် ( ၁၅ ) နစ်ပြည့်ခါစ( ၉ ) တန်းတက်ပါတယ်။

ခါတိုင်းဆိုရင် ကျောင်းဆင်းရင် တတွတ်တွတ်နဲ့ သူငယ်ချင်းများ အကြောင်း၊

အတန်းထဲကအကြောင်း၊ ဆရာဆရာမများအကြောင်း၊ သင်ခန်းစာအကြောင်း၊ သူဖတ်နေတဲ့ စာအုပ်များရဲ့ အကြောင်း ဘာကိစ္စပဲ ရှိရှိ၊

သမီးဖြစ်သူက မိခင်ကို ပြောပြလေ့ရှိပါတယ်။

ဒါပေမဲ့ အခုရက်ပိုင်းမှာ သမီးဖြစ်သူက ငိုင်ငိုင် ငိုင်ငိုင်နဲ့ တစ်ခုခုတော့ လွဲနေတယ်လို့ မိခင်ဖြစ်သူက ရိပ်စားမိလိုက်ပါတယ်။ ဒါနဲ့ မိခင်ဖြစ်သူက သမီးကိုခေါ် ယူပြီး မေးပါတယ်။

“ သမီး အခုရက်ပိုင်းမှာ ရည်းစားစကား အပြောခံရတာ ရှိသလား”

“ မရှိပါဘူး မေမေ” သမီးက မလုံမလဲနဲ့ ဖြေဆိုပါတယ်။

“ သမီးကို မေမေ ဘာကူညီပေးရမလဲ”

သမီးတစ်ချက် တွေဝေသွားပါတယ်။ ပြီးမှ မဝန့်မရဲနဲ့ မေမေကို မေးပါတယ်။

“ သမီး ရည်းစားစာ တစ်စောင်ရထားတယ်။ အဲဒါဘယ်လို လုပ်ရမလဲ အမေ” တဲ့၊ သမီးမျက်နာတစ်ခုလုံး နီရဲသွားပါတယ်။

အမေက သမီးပုခုန်းလေးကို ကိုင်ပြီး သူရှေ့ ကကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းလိုက်ပါတယ်။ သမီးမျက်စိကို စိုက်ကြည့်လိုက်ပါတယ်။

ပြီးမှ ညင်သာတဲ့အသံနဲ့ အောက်ပါအတိုင်းပြောဆိုလိုက်ပါတယ်။ အမေ တစ်ချက်ချင်း ပြောမယ်နော် သမီး၊ သေသေချာချာ နားထောင်။

၁။ ဒီကိစ္စဟာ ဘာကိုညွန်ပြသလဲဆိုတော့ အမေ့သမီး အပျိုဝင်ပြီ၊ ဆွဲဆောင်စရာ ရှိပြီဆိုတာ သက်သေပြလိုက်တာပဲ၊ ဒီရူ့တောင့်ကနေကြည့်ရင် ဒါသိပ်ကောင်းတယ် သမီး၊

၂။ သမီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရပါလိမ့်မယ်။ သမီး ဘယ်မှာ ဆွဲဆောင်စရာ ဖြစ်တယ်။ ဘယ်မှာ ဆွဲဆောင်မူရှိတယ်ဆိုတာကို ဆန်းစစ်ရပါလိမ့်မယ်။

စာတော်တာကြောင့်လား၊အကျင့်စာရိတ္တ ကောင်းတာကြောင့်လား၊ ကျက်သရေ ရှိတာလား၊သဘောကောင်းတာလား၊ ချောမောလှပတာကြောင့်လား၊စသည်ဖြင့်ပေါ့၊ တကယ်လို့များ..

က။ စာတော်တာကြောင့်ဆိုရင်၊ ဒါဝမ်းသာစရာပဲ၊ ကျောင်းစာကို ဒီထက်ပိုပြီး အာရုံစိုက်ရမယ်။ ဘာသာတိုင်းထူးချွန်အောင် ဒီထက်ပို ကြိုုးစားသင့်ပါတယ်။

ခ။ အကျင့်စာရိတ္တ ကောင်းတာကြောင်ဆိုရင်လည်း အလွန်ကောင်းပါတယ်။ သမီးအရွယ်နဲ့ ဒီလောက်ထိ ဆင်ဆင်ခြင်ခြင်နဲ့ လိမ္မာတာ အမေတို့ ဂုဏ်ယူတယ်။

ဂ။ ကျက်သရေ ရှိတာကြောင့်ဆိုရင်၊ အဲဒါဆက်ထိန်းသိမ်းထားနိုင်အောင် ကြိုးစားရပါမယ်။ သန့်သန့်ပြန့်ပြန့်နေထိုင်ရမယ်။စာများများ ဆက်ဖတ်ရူ့ ရလိမ့်မယ်။

အတွင်းစိတ်ကလှပနေမှ ကျက်သရေ ရှိမှာ၊ ဟန်ဆောင်လို့ ကျက်သရေ မရှိနိုင်ဘူး။

ဃ။ သဘောထားကောင်းတာကြောင့်ဆိုရင် အားရစရာ ကောင်းတာပေါ့၊ သူများကို များများကူညီနိုင်အောင် ကြိုးစားရမယ်။

ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချတတ်ရမယ်။ပြည့်တဲ့အိုးဟာ ဘယ်တော့မှာ ဘောင်ဘင်မခတ်ပါဘူး၊ သမီး။

င။ ချောမောလှပတာကြောင့်လား၊ ဒီတစ်ချက်ကြောင့်ဆိုရင် သမီးသတိထားရလိမ့်မယ်။ အခုရက်ပိုင်းမှာ သမီးနည်းနည်း ခါးကိုင်းတာကို မေမေသတိထားမိတယ်။

လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ထိုင်ထိုင်တာပဲဖြစ်ဖြစ်၊ ခါးမတ်မတ် ထားသင့်တယ်။ ပြီးရင် မျက်စိကို ဂရုစိုက်ပါ။ အနီးမူန်တာကို သတိထားပါ။

ပြီးရင် အိမ်မူကိစ္စ ကို နိုင်နင်းအောင်လုပ်ပါ။ အဲဒါဆိုရင် မေမေ့သမီးက ကျက်သရေ ရှိပြီး ဆွဲဆောင်စရာ အပြည့်ဖြစ်သွားပြီ။

သမီးက အမေပြောသလောက် ဆွဲဆောင်စရာ အရည်အချင်းမရှိပါဘူး” သမီးဖြစ်သူက ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောလိုက်ပါတယ်။ အမေက ပြုံးပြီးပြန်ပြောလိုက်ပါတယ်။

“ အမှန်တော့ အဲဒီဆွဲဆောင်စရာ ကောင်းပြီး ကျက်သရေ ရှိတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။ တကယ်ကြိုးစားရင် မခက်ခဲ့ပါဘူး ” အမေဖြစ်သူက ဆက်ပြောပါတယ်။

၃။ သမီး ဒီရည်းစားစားပေးတဲ့ ကောင်လေးကို ဘယ်လိုပဲ သဘောထားထား၊ တည်တည်ငြိမ်ငြိမ်နဲ့ ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သင့်ပါတယ်။

အထက်တန်းကျောင်းသူကျောင်းသား အရွယ်ဆိုတာ ဘာမှမတည်ငြိမ်သေးဘူး။ သူက ဒီနေ့ သမီးကိုကြိုက်မယ်။

မနက်ဖန်ကျရင် နောက်တစ်ယောက်ကို ချက်ချင်းပြောင်းလဲသွားနိုင်တယ်။ဒီရည်းစားစာကို သိပ်ပြီး အလေးအနက်ထားစရာမလိုဘူး၊ စိတ်ဖိစီးမူ မဖြစ်စေနဲ့၊

ဘာမှ မဖြစ်သလိုပဲ ဆက်နေ၊ နိူ့မို့ရင် ကောင်လေးက အထင်လွဲသွားလိမ့်မယ်။

၄။ ဖြစ်နိုင်မယ်ဆိုရင်၊ သင့်တော်တဲ့အချိန်တစ်ခုကို ရှာဖွေပြီး သူ့ကိုပြောပြလိုက်၊ တက္ကသိုလ် မတက်ခင်မှာ ဘာမှမစဉ်းစားသေးဘူးဆိုတာ၊

နောင်သမီးမှာ ရွေးချယ်ဖို့ အခွင့်အရေး အများကြီးရှိသေးတယ်။ သစ်တစ်ပင်ကြောင့် သစ်တောတစ်ခုလုံး လက်မလွှတ်သင့်ဘူး။

၅။ သမီးဆီကို ရည်းစားစာရေးတဲ့ ကောင်လေးရဲ့ အပြုအမူမျိုးကို အချစ်လို့ မခေါ် နိုင်သေးဘူး၊ အစွမ်းကုန် သတ်မှတ်ရရင် ခံစားမူ တစ်မျိုးပေါ့၊

အချစ်စစ်ဆိုတာ တာဝန်ယူမူနဲ့ အမြဲတွန်တွဲထားရတယ်။ သူအခု ကိုယ့်ကိုယ်ကို တောင် ဘာမှ တာဝန်မယူနိုင်သေးဘူး၊အကုန်လုံးမိဘကို အားကိုးနေရသေးတယ်။

မင်းအပေါ် ဘာနဲ့ တာဝန်ယူမှာလဲ။ မိန်းကလေးတစ်ယောက်ကို လုံးဝတာဝန်မယူနိုင်သေးတဲ့ ကောင်လေးတစ်ယောက်ကို သူဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ လုံး၀ လက်မခံသင့်ဘူး။

နောက်ဆုံးမေမေပြောချင်တာကတော့ သမီးထူးချွန်တာကို ဆက်ထိန်းထားပါ။ လိုအပ်ချက်ကို ဖြည့်စွက် ကြိုးစားပါ။ နောင်သမီး သွားစရာလမ်းအကျယ်ကြီးရှိသေးတယ်။

ဒီလိုရည်းစားမျိုး အများကြီးတွေ့ အုံးမယ်။ အဲဒီအချိန်ကျရင် မျက်စိကိုဖွင့် နားကိုစွင့်ထားလိုက်၊ ဖြောင့်မတ် မှန်ကန်ပြီး တာဝန်ယူစိတ်ရှိတဲ့၊

အလုပ်ဂုဏ်ကို တန်ဖိုးထားတဲ့၊ အေးအတူ၊ ပူအမျှ၊ စိတ်တူကိုယ်တူ ခရီးနှင်နိုင်တဲ့ ဘဝခရီးဖေါ် ကို တွေ့ရှိနိုင်လိမ့်မယ်။ သမီးက အမေ့စကားကို နားထောင်ပြီး ပြန်ပြောလိုက်တာကတော့ “မေမေ စိတ်ချပါ။

သမီး ဒီထက်ထူးချွန်အောင် ဆက်ကြိုးစားပါ့မယ်။ နောင်သမီး ရှာဖွေမဲ့ ဘဝဖေါ် မေမေထက်သာရမယ်။” တဲ့

အဲလိုဖြစ်ပါစေလို့ မျှောလင့်ရတာပေါ့၊ ကဲ…မင်းအဖေတောင် အလုပ်ဆင်းတော့မယ်။ ဒီကနေ့ကိစ္စကို မင်းအဖေကို ပြောပြထားရမယ်။

ဒါမှ နောင်ဘယ်သူပိုသာတယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့” ဆိုပြီး ရီစရာ ပြောသလိုလိုနဲ့ ပြီးဆုံးသွားပါတယ်။

အမေရဲ့ ဆိုဆုံးမစကားများကတော့ ဒီလောက်နဲ့ ပြီးသွားပါတယ်။ တကယ်လို့ သင့်သမီး ရည်းစားစာ လက်ခံရရှိရင် သင်ကော ဘယ်လိုဆိုဆုံးမပါသလဲ။

(AChawLayMyar မှ ကူးယူဖော်ပြသည်)