သက်ကြီးဘိုးဘွားများသို့ ထောက်ပံ့ကြေး ငွေကျပ် ၄၂၁ သန်းကျော် ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ကြေးငွေကျပ် ၄၂၁ ဒသမ ၉၅ သန်းကို နေပြည်တော်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ ဝန်ထမ်းအဖွဲအစည်းများ၊ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ငွေများကို အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။