မနာလိုစိတ်..

မနာလိုရင် ကိုယ်ပဲနာရမယ်

မတောက်ပချင်နေပါစေ
သူများကိုမနာလိုစိတ်ထားပြီး
ပင်ပန်းဆင်းရဲတဲ့အလုပ်မျိုးမလုပ်ဘူး ။

မနာလိုစိတ်ဖြစ်တယ်ဆိုတာ
ကိုယ့်ခေါင်းပျော့ပျော့လေးနဲ့

ကျောက်တုံးဆီ ပြေးဆောင့်ခြင်းလို့
နားလည်ခံယူထားမိတယ် ။
(မိုက်မဲတဲ့လုပ်ရပ်တစ်ခုလိုပေါ့ )

ကိုယ်မနာလိုမိနေတဲ့
တစ်ဘက်လူက ဘာမှမသိလိုက်ရပဲ

ကိုယ်တစ်ယောက်ထဲ ပူလောင်နေရတယ်
အရှင်လတ်လတ်ငရဲကျနေသလိုပါပဲ ။

ကိုယ့်မနာလိုတဲ့ အနံ့ဆိုးကိုများ
အများတကာသိသွားပြီးဆိုရင်လည်း
ကိုယ့်ကိုပဲ အမုန်းပွားဆက်ဆံကြမယ် ။

ဖြစ်လေရာမှာလည်း အရောင်မထွက်
အဆင့်တန်းလည်းမမှီတဲ့ ဘ၀မျိုးမှာ
ကိုယ်မရောက်ချင်ဘူးဆိုရင်

တစ်စုံတစ်ယောက်ကို စီးပွားရေးကြောင့်
ပညာရေးကြောင့် နေရာကြောင့်
မနာလိုစိတ်မ‌ဖြစ်အောင်ကြိုးစားပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏